DVB Logo
Home
မြန်မာသတင်း
လယ်ယာသုံး စက်ကိရိယာတွေအတွက် နှစ်ဆင့်သွားချေးငွေ ထုတ်ပေးရန် ဆောင်ရွက်နေ
DVB
·
June 2, 2017
လယ်ယာသုံး စက်ကိရိယာတွေအတွက် နှစ်ဆင့်သွားချေးငွေ ထုတ်ပေးရန် ဆောင်ရွက်နေ
Donate to DVB

လယ်ယာသုံးစက်ကိရိယာတွေဝယ်ယူနိုင်ဖို့အတွက် JICA ရဲ့ နှစ်ဆင့်သွားချေးငွေ (Two Step Loan) နဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး ထုတ်ချေးနိုင်ဖို့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ တောင်သူတွေကို ထုတ်ချေးဖို့ လိုအပ်တဲ့ ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်ကနေ ချေးယူရပြီး နှစ်ချင်းဆပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးစရိတ်အတွက်ပဲ ချေးနိုင်ပြီး လယ်ယာသုံး စက်ကိရိယာတွေ အတွက် နှစ်တို၊ နှစ်ရှည် ထုတ်မချေးနိုင်ခဲ့ဘူးလို့ ဒေါက်တာအောင်သူက ပြောပါတယ်။

နှစ်ဆင့်သွားချေးငွေအတွက် ဂျပန်နိုင်ငံကနေ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တနှစ် အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ချေးပေးတာဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ၃ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမှာ ဖြစ်ပါတယ်။ တောင်သူတွေကိုတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထပ်ဆင့်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

တောင်သူတွေကို ငွေထုတ်ချေးတာမှာ ရာခိုင်နှုန်းတစ်ခု သတ်မှတ် ငွေစုဆောင်း စေပြီး ပူးတွဲအာမခံသူ နှစ်ဦးနဲ့ ငွေချေးယူသူရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အာမခံရယူပြီး ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ထုတ်ချေးဖို့ လျာထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013