
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈,၇၇,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၆,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ တပတ်အတွင်း ၅၇,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆၂၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ တပတ်အတွင်း ငွေကျပ် ၂၆,၀၀၀ ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၂၁၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးကျသွားပါတယ်။
ကြက်သွန်ဖြူ (အောင်ပန်း၊တောင်ကြီး)
ကြက်သွန်ဖြူ(အောင်ပန်း၊တောင်ကြီး)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၆၀၀ ကနေ ၃,၇၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၅၀၀ ကနေ ၂,၉၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အာလူး
အာလူးကတော့ ၁ ပိဿာကို ငွကျပ် ၃၀ ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ ၃၈၀ ကျပ်ကနေ ၅၇၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာာကို ၁၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၄၀၅ ကျပ်ကနေ ၄၃၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
စိန်တလုံးသရက်သီး
မူဆယ်ကုန်စည်ဒိုင်မှာတော့ စိန်တလုံးအိတ်စွပ်သရက်သီးက ၁ ခြင်းကို ငွေကျပ် ၅,၇၀၀ ဈေစးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးတော့ ၁ ခြင်းကို ၁၂,၆၀၀ ကျပ်ကနေ ၁၇,၅၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ သရက်သီးအသစ်တွေ ဝင်ရောက်လာတဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











