DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား
DVB
·
June 2, 2017
မုံရွာတွင် ၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရက်ကွက်၊ စည်ပင်ဝန်ထမ်းအိမ်ရာအတွင်းမှာ ဇွန် ၁ ရက်နေ့မှာ စည်ပင်ဝန်ထမ်းတဦးက  အသက် ၇ နှစ်အရွယ် မိန်းကလေးတဦးအား အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက လာရောက်အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကလေးငယ်ရဲ့မိခင် ဒေါ်စန်းစန်းအေးက စည်ပင်အမှိုက်ကားနဲ့ အလုပ်ဆင်းနေချိန်မှာ တစ်လမ်းတည်းနေ အသက် ၃၂ နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်း ကျော်ဇေယျဆိုသူက သမီးဖြစ်သူ မဇာဇာဖြိုးကို မုန့်ဝယ်ကျွေးမယ်လို့ ခေါ်ယူပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူက အဘွားဖြစ်သူကို ပြန်လည်ပြောပြခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် သမီးဖြစ်သူအား အဓမ္မပြုကျင့်တဲ့ ကျော်ဇေယျကို တရားဥပဒေအရ အရေးယူပေးဖို့ တိုင်တန်းလာလို့ မုံရွာနယ်မြေရဲစခန်းက ကျော်ဇေယျကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆၊ ၅၁၁ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်မြေစခန်းမှူး ရဲအုပ် ရဲအောင်က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ နယ်မြေရဲစခန်းအပိုင်အတွင်း မုဒိမ်းမှုကျူးလွန်ခြင်း မရှိသေးပေမယ့် ကျုးလွန်ရန်ကြံစည်တာ၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံဖို့ ကြိုးစားအားထုတ်တာ စုစုပေါင်း ၄ ခုရှိသွားပြီဖြစ်ပြီး အခုဖြစ်ရပ်ကိုလည်း ဆေးစစ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကလည်း တကယ်ကျူးလွန်ခဲ့လား၊ ကြံစည်ရုံပဲလားဆိုတာ ဆေးစစ်တာတွေလုပ်နေပါတယ်။ ဆေးစစ်ချက်ရရင်တော့ အဖြေသိရမှာပါ လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013