DVB Logo
Home
မြန်မာသတင်း
ခန္တီးနှင့် လဟယ် လမ်းတံတားအချို့ မိုးရွာသွန်းမှုကြောင့် ပျက်စီး
DVB
·
June 2, 2017
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းတံတာအချို့ မေလ ၃၁ ရက်နေ့က လေမုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က "ကျနော်တို့ နာဂဘက်မှာ လေတိုက်တယ်။ မိုးတွေလည်း ရွာတယ်။ ဆောက်လုပ်ထားတဲ့ လမ်းတံတားတွေ ပျက်စီးကုန်တယ်။ အခု သွားလာရတာ အဆင်မပြေဘူး။ ကျောင်းဖွင့်ရာသီဆိုတော့ ကျနော်တို့ နာဂဘက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ အခက်အခဲရှိတယ်။ တံတားပျက်တော့ ခန္တီးဘက်ကနေ နာဂဘက်ကို သွားလာလို့မရဘူး" လို့ ပြောပါတယ်။

ခန္တီး-ထန်ပါခွေ လမ်းပေါ်မှာ ဘေလီတံတား ၁၀၀ ပေ ၁စင်း၊ ကွန်ကရစ်တံတား ပေ ၅၀၊ ပေ ၆၀ က ၅စင်း၊ လဟယ်- ထန်ပါခွေလမ်းပေါ်မှာ ပေ ၈၀ သစ်သားတံတား ၁ စင်း၊ လဟယ် တိုက်ရံလမ်းပေါ်က ပေ ၅၀ သစ်သားတံတား ၁ စင်းနဲ့ နယ်ကျေးရွာ ဆက်သွယ်ရေးတံတားလည်း ပျက်စီးခဲ့တာပါ။

"အခု ပျက်စီးသွားခဲ့တဲ့ လမ်းတံတားတွေ အစိုးရ တင်မယ်ဆိုလည်း အဆင်မပြေပါဘူး။ ဘတ်ဂျက်က စောင့်နေရတယ်၊ သူတို့ချပေးမှ ပြင်လို့ရမှာ၊ ဒါကြောင့်အ ခုပျက်စီးသွားတဲ့ တံတားတွေကို နိုင်ငံတော်အစိုးရ သဘာဝဘေးရန်ပုံငွေကနေ ကူညီမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးသန်း ၁ ထောင်လောက် ရှိတယ်"လို့ ဦးမောင်ကယ်က ပြောပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013