DVB Logo
Home
မြန်မာသတင်း
၂ လောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်
DVB
·
June 2, 2017
Donate to DVB

သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၂ လောင်းပြိုင်လူသတ်မှုမှာ အမျိုးသားဖြစ်သူ က ဇနီးမယားကို သတ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တာလို့ ရဲတွေရဲ့ သတင်း ထုတ်ပြန်ချက်အပေါ် လူတွေက မေးခွန်းထုတ်နေကြပြီး အင်တာနက်လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

တချို့က ဒီထုတ်ပြန်ချက်ကို အချက်အလက်နဲ့ ထောက်ပြဝေဖန်နေကြပြီး သေ ဆုံးသွားသူတွေရဲ့ နီးစပ်သူတွေကလည်း လက်မခံနိုင်သဘောမတွေ့နိုင် ဖြစ်နေကြတာပါ။

သတင်းထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသူ VICTOR RAJ ဟာ မသေဆုံးမီက Capital Hyper Market မှ တူနဲ့ဓားမ ဝယ်ယူခဲ့တာ၊ ပေးဆပ်ရန်အကြွေးတွေရှိနေတာ၊ ဒဏ်ရာတွေမှာလည်း မိမိကိုယ်မိမိ သတ်သေဖို့ ရည်ရွယ်ပြီး ဝဲ/ယာလက်ကောက်ဝတ် မှာ သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေရှိရတဲ့အပြင် ဇနီးဖြစ်သူရဲ့ ဒဏ်ရာမှာ လည်း တူနဲ့ ထုခံထားရတဲ့ ချိုင့်ဝင်ဒဏ်ရာ တွေ့ရှိရလို့ VICTOR RAJ ဟာ ဇနီးဖြစ်သူအား တူနဲ့ဓားကိုအသုံးပြုကာ သတ်ပြီးနောက် မိမိကိုယ်မိမိ သတ်သေခဲ့တာဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားခဲ့တာပါ။

အဲဒီနောက် နေအိမ်အ၀င်တံခါးမကြီး၊ ခြံဝင်းတံခါးနဲ့ ခြံစည်းရိုးလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ကင်မရာ ၄ လုံးကို မေ ၃၁ ရက်နေ့ မနက် ၆ နာရီမှ ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရနဲ့ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်ရဲ့ ပြောပြချက်တွေအရ နေအိမ်ခြံဝင်းအတွင်း ဝင်ထွက်သွားလာမှုမရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရတာကို ဖော်ပြထားခဲ့တာပါ။

တချို့ကလည်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ အချိန် နဲ့ ကိုက်ညီတာမျိုးမရှိဘူးလို့ ပြောနေကြပြီး မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြတာပါ။

တချို့ကတော့ သတ်မယ့်ဓားကို ကိုယ်တိုင်သွားဝယ်ပြီး စနစ်တကျသတ်ဖြတ်ခဲ့ တယ်ဆိုတဲ့အပေါ် သရော်လှောင်ပြောင်မှတ်ချက်တွေ ရေးနေကြတာပါ။

နောက်ပြီး သတင်းထုတ်ပြန်ချက်ထဲမှာ တရားခံအသုံးပြုခဲ့တဲ့ ဓားနဲ့ ရရှိခဲ့တဲ့ ဒဏ် ရာဟာ ဘယ်လိုမှဆက်စပ်လို့မရဘူးလို့ တချို့ကလည်း ဝေဖန်သုံးသပ်ပြောဆိုနေကြပါ တယ်။

အောက်မှာတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှ အဆိုပါသတင်းထုတ် ပြန်ချက်အောက်မှာ ရေးထားခဲ့တဲ့ ဝေဖန်သံမှတ်ချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

p kill4

p kill3

p kill2

p kill1

p kill

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013