DVB Logo
Home
မြန်မာသတင်း
ရေနစ်ပျောက်ဆုံး သံဃာတော်အား ထီးချိုင့်မြို့ သရက်မော်ဆိပ်ကမ်းတွင် ပြန်တွေ့
DVB
·
June 2, 2017
ရေနစ်ပျောက်ဆုံး သံဃာတော်အား ထီးချိုင့်မြို့ သရက်မော်ဆိပ်ကမ်းတွင် ပြန်တွေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း မေ ၃၁ ရက် မနက် ၁၁ နာရီလောက်က လှိုင်းပြင်းထန်ပြီး စက်လှေအတွင်း ရေဝင်လာလို့ ကမ်းကို ရေကူးပြီးသွားတဲ့ သံဃာတော်တပါး ပျောက်ဆုံးခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ ထီးချိုင့်မြို့ သရက်မော်ဆိပ်ကမ်းမှာ ပြန်တွေ့ရှိခဲ့ပါတယ်။

မေလ ၃၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ကသာမြို့နယ် သာဂရကျေးရွာ သာဂရဘုန်းကြီးကျောင်းတိုက်ပိုင် အရှည် ၁၁ တောင်၊ အနံ ၂ ပေ၊ ဇောက် ၁ ပေခန့်ရှိ စက်လှေနဲ့ ဦးပညာဝံသ (ဝါတော် ၄၉၊  သက်တော် ၆၉ နှစ်)၊ သာဂရကျေးရွာ ကသာမြို့နယ်၊ ဦးစန္ဒဝရ (ဝါတော် ၃၈၊ သက်တော် ၅၉ နှစ်) လေးထပ်ကျောင်း ကသာမြို့နေ ရာဇာထွန်း (၂၇-နှစ်) တို့ ကက်တကောင်ကျေးရွာကို ဆွမ်းစားပြီး စက်လှေနဲ့ သာဂရကျောင်းကို ပြန်လာစဉ် မဲဟင်းကျေးရွာအနီး ဧရာဝတီမြစ်လယ်အရောက်မှာ လှိုင်းထန်ပြီး မောင်းနှင်လာတဲ့ စက်လှေထဲကို ရေတွေ ဝင်ရောက်ခဲ့ပါတယ်။

ဦးစန္ဒဝရနဲ့ ရာဇာထွန်းတို့ဟာ စက်လှေပေါ်က ခုန်ချ ရေကူးခတ်သွားပြီး စက်လှေမောင်းသူ ဦးပညာဝံသက ရေဝင်နေတဲ့ စက်လှေနဲ့ ဆက်လက်မောင်းနှင်ခဲ့ရာ မြစ်လယ်ကောင်ရှိ မြောက်ဘက်ကျွန်းကို ရောက်ရှိခဲ့ပါတယ်။ ရေထဲခုန်ချ ကူးခပ်သူ ရာဇာထွန်းမှာ မြစ်လယ်ကောင်ရှိ တောင်ဘက်ကျွန်းကို ရောက်ရှိခ့ပါတယ်။ ဦးစန္ဒဝရမှာ ရေထဲ ခုန်ချ ကူးခပ်ရင်း နစ်မြုပ်ပျောက်ဆုံးနေတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူက “ကျနော်တို့ ထီးချိုင်မြို့ အမှတ် (၃) ရပ်ကွက်၊ သရက်မော်ဆိပ်မှာ ဇွန်လ ၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန် ဧရာဝတီမြစ်ကမ်းဘေး သရက်မော်မှာနေတဲ့ ကိုမင်းဦး၊ ကိုဝင်းထွန်း၊ ကိုဖိုးသားတို့ သုံးဦးက သရက်မော်ဆိပ်ကမ်းနားမှာ ဝဲရှိတယ်။  ဝဲကနေ ပေါ်လာတာပေါ့။ အဲဒီမှာ အလောင်းတလောင်းကို တွေ့တော့ ရဲစခန်းကို အကြောင်းကြားတာပေါ့။ အဲဒီမှာ ကျနော်တို့ စံပြလူငယ်ပရဟိတအသင်းက ကားနဲ့ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သံဃာတော်ကို ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းညွန့် ဦးဆောင်တဲ့ ကသာမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊  ရဲတပ်ဖွဲ့ဝင်တွေ၊ ကသာမြို့မှ အွန်လိုင်းချစ်သူအဖွဲ့၊ ဧရာကမ်းသာ လူမှုကူညီရေးအသင်း၊ ပစ္စက္ခလူမှုကူညီရေးအသင်း၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေက ဆက်လက်ရှာဖွေခဲ့ရာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီ ၄၅မိနစ်အချိန်က ပျောက်ဆုံးနေတဲ့ သံဃာတော်ရဲ့ ရုပ်အလောင်းကို ထီးချိုင့်မြို့ သရက်မော်ဆိပ်ကမ်း ဧရာဝတီမြစ်အတွင်းက ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013