DVB Logo
Home
မြန်မာသတင်း
မိုရာမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခုက နေအိမ် ၂ သောင်းခန့် ပျက်စီး
DVB
·
June 2, 2017
Donate to DVB

မေလ ၃၀ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ အင်အားပြင်း မိုရာမုန်တိုင်းကြာင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ဧရာဝတီတိုင်းအတွင်း လူနေအိမ် ၄၇၀၂ လုံး  လုံးဝပျက်စီးခဲ့ပြီး၊ ၁၃၅၉၅ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စာသင်ကျောင်း ၃၂၅၊ ရုံးအဆောက်အဦ ၃၂ လုံ၊ ဘာသာရေးအဆောက်အဦ ၅၇ လုံး လုံးဝပျက်စီးပြီး ၄၂၉ လုံး တစိတ်တပိုင်းပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဆေးရုံဆေးခန်း ၂၈ လုံး၊ ၀န်ထမ်းအိမ်ရာ ၂၃ လုံး တံတာ ၃ စင်း၊ ဓာတ်တိုင် ၃၈ တိုင်နဲ့ စက်လှေ ၂၂ စီး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ပျက်စီးဆုံးရှုံးမှုအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး အိမ်ခြေ ၄၆၇၉ လုံး လုံးဝပျက်စီးပြီး ၁၃၅၂၉ လုံး တစိတ်ပိုင်း ပျက်စီးခဲ့သလို စာသင်ကျောင်း ၃၂၂ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အထိခိုက်အများဆုံးကတော့ မောင်းတောမြို့နယ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013