DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအဆင့်မီ ကောလိပ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်
DVB
·
June 1, 2017
နိုင်ငံတကာအဆင့်မီ ကောလိပ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်
Donate to DVB

ကမ္ဘာအဆင့်မီနိုင်ငံတကာပညာရှင်တွေ ရေးဆွဲထားတဲ့ ပညာရေးသင်ရိုးညွှန်းတမ်း တွေကို မြန်မာနိုင်ငံက ကလေးငယ်တွေ အခုနှစ် သြဂုတ်လကစပြီး Dulwish College Yangon မှာ သင်ကြားခွင့်ရရှိတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ လိုလားချက်တွေကို အဆင့်မြှင့်တင်ပေးချင်တာကြောင့် အခုလို နိုင်ငံတကာအဆင့်မီကောလိပ်ကို မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တာလို့ သိရပါတယ်။

Dulwish College ဟာ ဗြိတိသျှအခြေစိုက်ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်ပြီး လက်ရှိမှာ တရုတ်၊ ကိုရီးယား၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာလည်း ကောလိပ် ကျောင်းတွေ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

အဲဒီကောလိပ်မှာ အသက် ၂ နှစ်မှ ၁၈ နှစ်အထိ ကလေးတွေ ပညာသင်ယူနိုင်ငံမှာဖြစ်ပြီး အဓိကအား ပညာရေးကဏ္ဍအပါအ၀င် အနုပညာ၊ အားကစားနဲ့ ယဉ်ကျေးမှုဖလှယ်တဲ့ ကဏ္ဍတွေကို အဓိက သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လတ်တလောမှာ Dulwish College Yangon တည်ဆောက်နေမှုတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲတရပ်ကို ဇွန် ၁ ရက်နေ့က သန်လျင်မြို့နယ်မှာရှိတဲ့ အဆိုပါကျောင်း တည်ဆောက်နေတဲ့ Star City မှာ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013