DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်း​လစာ တိုး​မြှင့်​ပေး​ရေး​အဆို ပြည်​ထောင်စုလွှတ်​တော်တွင် အတည်ပြု
DVB
·
February 7, 2012
ဝန်ထမ်း​လစာ တိုး​မြှင့်​ပေး​ရေး​အဆို ပြည်​ထောင်စုလွှတ်​တော်တွင် အတည်ပြု
Donate to DVB

အစိုး​ရ ဝန်ထမ်း​တွေကို လစာတိုး​မြှင့်​ပေး​ဖို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​က အဆိုတင်သွင်း​တာကို ပြည်​ထောင်စုလွှတ်​တော်က အတည်ပြု​ပေး​လိုက်ပါတယ်။

[caption id="attachment_21007" align="alignleft" width="300" caption="ဦးရွှေမန်း"][/caption]

ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ဝန်ထမ်း​တွေရဲ့​လုပ်ခလစာနဲ့​ ချီး​မြှင့်​ငွေ​တွေကို လာမယ့်​ ဘတ်ဂျက်နှစ်အစမှာ မဖြစ်မ​နေ တိုး​မြှင့်​ပေး​ရေး​ အပါအဝင် အချက် ၆ ချက်ကို တင်သွင်း​ခဲ့​တာပါ။

“စိတ်ဓာတ်နဲ့​ စည်း​ကမ်း​ကောင်း​အောင် မြှင့်​တင်​ပေး​ရာ ​ရောက်တဲ့​ ဝန်ထမ်း​အဆင့်​အတန်း​အလိုက် ထိုက်သင့်​သော လုပ်ခ၊​ လစာနဲ့​ စရိတ်များ​ ချီး​မြှင့်​ပေး​ခြင်း​၊​ ​လေ့​ကျင့်​ဆွေး​နွေး​ ပညာ​ပေး​ခြင်း​၊​ ဆု​ပေး​ ဒဏ်​ပေး​စနစ် ကျင့်​သုံး​စေခြင်း​ဖြင့်​ နိုင်ငံ​တော်သမ္မတကြီး​ ​ပြောကြား​သော သန့်​ရှင်း​သော အစိုး​ရနဲ့​ ​ကောင်း​မွန်​သော စီမံခန့်​ခွဲမှု ဖြစ်ရန် အလား​အလာ ရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိ ရရှိ​နေ​သော လုပ်ခ လစာ စရိတ်နဲ့​ ချီး​မြှင့်​ငွေများ​ဟာ ယ​နေ့​ခေတ် ကာလနဲ့​ လိုက်​လျောညီ​ထွေ မရှိလှပါ။ အ​ခြေခံ စား​ဝတ်​နေ​ရေး​ လူမှု​ရေး​အတွက် ​လောက်ငစွာ မရရှိကြပါ။ ဒါ​ကြောင့်​ ကျ​နော်ရဲ့​ တင်ပြချက်သည် ယ​နေ့​ဝန်ထမ်း​များ​ရဲ့​ လုပ်ခ လစာ၊​ စရိတ်၊​ ချီး​မြှင့်​ငွေများ​အား​ ထိုက်သင့်​သလို အလျင်အမြန် တိုး​ပေး​ရန် လိုအပ်တယ်ဆိုတဲ့​ အချက်ကို ​ထောက်ပြခြင်း​ပဲ ဖြစ်ပါတယ်။”

ပြည်​ထောင်စု လွှတ်​တော်ကလည်း​ အဲဒီ့​ အဆိုပြုချက်ကို အတည်ပြု​ပေး​လိုက်ပါတယ်။

အခုလို လစာ​တွေ တိုး​မြှင့်​မယ့်​အ​ပေါ် ​ရွှေ့​ပြောင်း​အလုပ်သမား​တဦး​က “ကိုယ့်​နိုင်ငံမှာ လစာတိုး​မယ်ဆိုရင်​တော့​ လွတ်လွတ်လပ်လပ် လုပ်စား​လို့​ရတယ်။ သူများ​နိုင်ငံမှာ ဆိုရင်​တော့​ မလွတ်မလပ်နဲ့​ လုပ်စား​ရ​တော့​ ကိုယ့်​နိုင်ငံက ပို​ကောင်း​တာ​ပေါ့​။ ကျမအ​နေနဲ့​ ကိုယ့်​နိုင်ငံမှာ လစာတိုး​မယ်ဆိုရင် ​ကောင်း​မယ်လို့​ ထင်တယ်။”

အစိုး​ရဝန်ထမ်း​တွေ လစာတိုး​မယ့်​ သတင်း​ကြား​တဲ့​အခါ ထိုင်း​-မြန်မာနယ်စပ်​ရောက် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေကလည်း​ ပြည်တွင်း​က စက်ရုံ အလုပ်ရုံ​တွေမှာ လစာတိုး​လာနိုင်မယ်လို့​ ​မျှော်လင့်​နေကြပါတယ်။

“လစာ​တွေ တိုး​တယ်ဆို​တော့​ ​ကောင်း​တာ​ပေါ့​လေ။ ​ကျေး​ဇူး​တင်ပါတယ်။ လစာတိုး​ပေမယ့်​ ကုန်​ဈေး​နှုန်း​တွေက တတ်လာတယ်ဆိုရင် လစာတိုး​တာလည်း​ ဘာမှမထူး​ဘူး​လေ။ ကိုယ့်​နိုင်ငံမှာ​တော့​ ကိုယ်လုပ်စား​ချင်တာ​ပေါ့​။”

သမ္မတ ဦး​သိန်း​စိန်အစိုး​ရ လက်ထက်မှာ ဝန်ထမ်း​ဟောင်း​ ပင်စင်စား​တွေအတွက် ပင်စင်လစာ တိုး​ပေး​ဖူး​ပြီး​ လက်ရှိဝန်ထမ်း​လစာ တိုး​မြှင့်​ပေး​ဖို့​ အတည်ပြုလိုက်တာက​တော့​ ပထမဆုံး​အကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013