
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၈၉၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆၃၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပဲကြီး(ရွှေကျွန်း၊ကုန်း)ကတော့ ၁ ပိဿာကို ငွေကျပ် ၉၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂,၈၃၀ ကျပ် ရှိပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ၁ ပိဿာကို ၁,၉၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၃၀၀ ဈေးကျဆင်းသွားပါတယ်။
အာလူး
အာလူးကတော့ ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၃၅၀ ကျပ်ကနေ ၅၇၀ ကျပ် ပေါက်ဈေးရှိပါတယ်။
သကြား
သကြားကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၇၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁,၁၈၀ ကျပ်ကနေ ၁,၄၉၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ပဲပုတ်(ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ) ၁ အိတ်ကို ငွေကျပ် ၈၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲက ၁ တင်းကို ကျပ် ၅၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တင်းကို ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











