DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း သံဃာတော်တပါး ပျောက်ဆုံးနေ
DVB
·
June 1, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဧရာဝတီမြစ်အတွင်း လှိုင်းပြင်းထန်ပြီး စက်လှေအတွင်း ရေတွေဝင်လာလို့ ကမ်းကို ရေကူးပြီးသွားတဲ့ သံဃာတော်တပါး ပျောက်ဆုံးနေတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

မေ ၃၁ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်က ကသာမြို့နယ် သာဂရကျေးရွာ သာဂရ ဘုန်းကြီးကျောင်းတိုက်ပိုင်စက်လှေနဲ့ ဦးပညာဝံသ ဝါတော် ၄၉ ဝါ သက်တော် ၆၉ နှစ်၊ ဦးစန္ဒဝရ ဝါတော် ၃၈ ဝါ သက်တော် ၅၉ နှစ်နဲ့ ရာဇာထွန်း  ၂၇ နှစ် တို့ဟာ ကြက်တကောင်ကျေးရွာမှာ ဆွမ်းစားပြီး စက်လှေနဲ့ သာဂရကျောင်း ပြန်လာစဉ် မဲဟင်းကျေးရွာအနီး ဧရာဝတီမြစ်လယ်အရောက် လှိုင်းထန်ကာ စက်လှေတွင်း ရေဝင်ရောက်ခဲ့ရာ ဦးစန္ဒဝရနဲ့ ရာဇာထွန်းတို့ဟာ စက်လှေပေါ်မှ ခုန်ချ ရေကူးခတ်သွားခဲ့ပါတယ်။

စက်လှေမောင်းတဲ့ ဦးပညာဝံသမှာ ရေဝင်နေတဲ့ စက်လှေကို ဆက်လက်မောင်းနှင်ခဲ့ရာ မြစ်လယ်ခေါင်ရိှ မြောက်ဘက်ကျွန်းကို ရောက်ရှိခဲ့ပြီး ရေကူးခတ်သူ ရာဇာထွန်းမှာလည်း မြစ်လယ်ခေါင်ရှိ တောင်ဘက်ကျွန်းသို့ရောက်ရှိခဲ့ကာ ဦးစန္ဒဝရမှာ ရေကူးခတ်ရင်း နစ်မြုပ်ပျောက်ဆုံးခဲ့တာပါ။

ကယ်ဆယ်ရှာဖွေရာမှာ ပါဝင်နေတဲ့ ကိုသိုက်စိုးက “ကသာ သဖန်းကိုင်းက ရေငုပ်တဲ့အဖွဲ့တွေ သွားငုပ်နေတယ်။ တွေ့တော့ မတွေ့သေးပါဘူး။ အခု ကသာအရှေ့ဘက်ကမ်းက ပုလွေရွှေရွာက ပိုက်ကြီးသမားတွေ ခုနက ထပ်လိုက်သွားတယ်။ ဖြစ်တဲ့နေရာက ကသာနဲ့ ထီးချိုင့်အစပ်မှာပါ စက်လှေပေါ်မှာ အားလုံး သုံးဦးပါတယ်။ စက်လှေက သေးတယ်။ တယောက်စီးလှေပါ ”လို့ ပြောပါတယ်။

စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးနေတဲ့ သံဃာတော်ကို ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းညွန့် ဦးဆောင်တဲ့ ကသာမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်မှ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဆက်လက်ရှာဖွေနေပြီး ဒီနေ့ ဇွန် ၁ ရက် မွန်းလွဲပိုင်းအချိန်အထိ မတွေ့ရှိရသေးဘူးလို့  သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013