ကမ္ဘာ့နို့နေ့ အထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်များအား နွားနို့တိုက်
DVB
·
June 1, 2017

1 / 2
ဇွန်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့နို့နေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို နွားနို့တိုက်ကျွေးခဲ့ပါတယ်။
ဒီနေ့ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နေ့လယ်နားချိန်မှာ လွှတ်တော် သဘင်ဆောင်မှာ ပြုလုပ်ခဲ့တာပါ။
အာဟာရပညာရှင် ဒေါက်တာ ဝင်းဝင်းမြင့်က ကျန်းမာရေးပညာပေးဟောပြောပြီး ကိုယ်အလေးချိန်ညွှန်းကိန်း စစ်ဆေးတာလည်း ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မင်းကြည်











