DVB Logo
Home
မြန်မာသတင်း
အရပ်သား ၄ ဦးအား နှိပ်စက်မှုဗွီဒီယို ၂၀၁၅ ခုက ဖြစ်ခဲ့ဟု တီအန်အယ်လ်အေ ထုတ်ပြန်
DVB
·
June 1, 2017
အရပ်သား ၄ ဦးအား နှိပ်စက်မှုဗွီဒီယို ၂၀၁၅ ခုက ဖြစ်ခဲ့ဟု တီအန်အယ်လ်အေ ထုတ်ပြန်
Donate to DVB

မေ ၂၇ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ တပ်မတော်သားအချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဗွီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ တအာင်းတပ်မတော် (တီအန်အယ်လ်အေ) က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ  မြန်မာ့တပ်မတော် တပ်မ ၈၈ နဲ့  ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့ လွယ်ကန်ကျေးရွာ ကျေးရွာကို ရောက်ရှိချိန် ကျေးရွာမှာ တအာင်းတပ်မတော် အကြောင်း သတင်းမေးမြန်းခဲ့ကြောင်း၊ တောင်သူတွေ လယ်ယာခြံတွေမှာ တောတွင်းတိရစ္ဆာန်တွေ ရန်ကနေ ကာကွယ်နိုင်ရေးအတွက် အမဲလိုက်ဖို့ ဆောင်ထားတဲ့ လက်လုပ်သေနတ်တွေ့ရြှိ့ပီး တီအန်အယ်လ်အေ သေနတ်လို့ စွပ်စွဲပြောဆိုပြီး ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ဗွီဒီယိုဖိုင်မှာ ကြိုးတုတ်ရိုက်နက်ခံရသူတွေဟာ ကွတ်ခိုင်မြို့နယ်၊  နတ်ဖတ်ကာရွာနေ  မိုင်းအိုက်ဖေ၊ မိုင်းအိုက်ပွဲ၊ မော်ဆောင်ရွာနေ မိုင်းစံပ နဲ့ နမ့်ခမ်းမြို့နယ် ပန်ပူးရွာနေ  မိုင်းအိုက်ခေါင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအချိန်က ညှဉ်းပန်းနှိပ်စက်မှုကြောင့် လွယ်ကန်ရွာသူရွာသားတွေ  ဒုက္ခသည်စခန်းဆီ  ရွာလုံးကျွတ်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ကြိုးတုတ်ပြီး ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခံနေရူတွေကိုလည်း  တအာင်းတပ်မတော်နဲ့ ဆက်သွယ်မှုရှိသည်ဟုဆိုကာ တရားစွဲဆိုထောင်ချခဲ့ပြီး  ၂၀၁၆ ဧပြီလ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပြီလို့လည်း ဆိုပါတယ်။

အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်ကာ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံတခု မေလ ၂၇ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်းစစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ၂၈ ရက်နေ့က တောင်းဆိုထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ချိုးဖောက်မှုတွေကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန နဲ့ တပ်မတော်ကလည်း အသီးသီး သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013