DVB Logo
Home
မြန်မာသတင်း
၉၅ နှစ်​အရွယ်အထိ စက်ချုပ်နေသေးသည့် မြင်းခြံမြို့က ဘွားဘွား (သတင်းဓာတ်ပုံ)
DVB
·
June 1, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁) တိုးချဲ့မြို့သစ် ၁၂ လမ်းမှာနေတဲ့ အသက်ရှည် အဘွားအို ၁ ဦးဟာ အခုအချိန်ထိ စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်နိုင်သေးတာကို တွေ့ရပါတယ်။

အဘွား ဒေါ်သန်းရင်ဟာ ၁၂၈၄ ခု နှစ် နတ်တော် လပြည့်ကျော်မှာ မွေးဖွားခဲ့ပြီး အခုအချိန်မှာတော့ အသက် ၉၅ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။

အဘွားဒေါ်သန်းရင်ဟာ အသက် ၁၈ နှစ်အရွယ်လောက်ကစပြီး ရက်ကန်း ရက်တာတွေ အင်္ကျီချုပ်တဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး အထူးသဖြင့် မြန်မာအမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ရင်ဖုံးအင်္ကျီချုပ်ရတာကို ပိုပြီး နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၉၅ နှစ်အရွယ်ကို ရောက်နေပေမယ့်လည်း မျက်စိမှုန်တာ၊ နားလေးတာ၊ မရှိဘဲ အပ်ပေါက် အပ်ချည်ကို သူကိုယ်တိုင် တပ်နိုင်တယ်လို့ ပြောပါတယ်။

အဘွားဒေါ်သန်းရင်  “အမေက ခုချိန်ထိ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ တခါမှ မလုပ်ခဲ့ဘူး။ ခုချိန်ထိ ဘာဆေးမှလည်း မမှီဝဲဖူးပါဘူး။ ဆေးရုံ ဆေးခန်းတွေလည်း ပြရတာ မရှိပါဘူး။ စက်ချုပ်တာက ငယ်ငယ်လေးကတည်းက ဝါသနာပါတာပါ။ ခုချိန်ထိအောင်လည်း သားသမီး မြေးတွေရဲ့ အဝတ်အစားတွေကို ချုပ်ပေးနေတုန်းပါပဲ။ အမေ့ခန္ဓာကိုယ်ထဲမှာ ဘာရောဂါမှလည်း မရှိဘူး။ အမေက ငယ်ရွယ်တဲ့အချိန်ကနေ ခုချိန်ထိ ဟင်းသီးဟင်းရွက်တွေ များများစားပါတယ်။ အသားဆို ငါးကို အစားများဆုံးပဲ။ ခုဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ဥပုသ်နေ့တိုင်း ရာသက်ပန် ဥပုသ်သီလ ဆောက်တည်ပြီးနေတယ်” လို့ ပြောပါတယ်။

ခုချိန်မှာတော့ အဘွားဒေါ်သန်းရင်ဟာ စက်ချုပ်တဲ့အလုပ်ကို စီးပွားဖြစ် လုပ်ကိုင်တာမျိုး မရှိတော့ဘဲ မိမိဝတ်မယ့် အဝတ်အစားနဲ့ မိသားစုဝတ်မယ့် အဝတ်အထည်တွေကိုသာ ချုပ်လုပ်ပေးနေပြီး နိုင်ငံတော်အစိုးရရဲ့ ထောက်ပံပေးနေတဲ့ ဘိုးဘွား သက်ကြီးပင်စင်ကို ခံစားရပြီး သားသမီး ၅ ယောက်၊ မြေး ၁၁ ယောက်၊ မြစ် ၄ တို့နဲ့ နေထိုင်နေပါတယ်။

သတင်း- ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013