DVB Logo
Home
မြန်မာသတင်း
ကလေးများကာကွယ်နိုင်မှု အဆိုးဆုံးအုပ်စုတွင် မြန်မာက အဆင့် ၁၁၂ ဖြင့် ရပ်တည်
DVB
·
June 1, 2017
ကလေးများကာကွယ်နိုင်မှု အဆိုးဆုံးအုပ်စုတွင်  မြန်မာက အဆင့် ၁၁၂ ဖြင့် ရပ်တည်
Donate to DVB

 

မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ကလေးဘဝတွေကို ဆုံးရှုံးနေပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှာ အဆင့် ၁၁၂ အနေနဲ့ ရပ်တည်နေတယ်လို့ Save the Children က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကလေးသူငယ်ဘဝ ကာကွယ်နိုင်မှုကို လေ့လာထားတဲ့ ‘Stolen Childhood’  နိုင်ငံတကာ စစ်တမ်းက အကောင်းဆုံး အဆင့် ၁ ကနေ အဆိုးဆုံး အဆင့် ၁၇၂ အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ တတိယအုပ်စုရဲ့ အပေါ်ဆုံးနေရာမှာရှိနေပြီး စစ်တမ်းအရ ကလေးသေဆုံးမှုနှုန်းက ၁၀၀၀ မှာ အယောက် ၅၀၊ အာဟာရချို့တဲ့ပုညှက်တာက ၂၉.၂ ရာခိုင်နှုန်း၊ မူလတန်းနဲ့ အလယ်တန်းအဆင့်ကနေ ကျောင်းထွက် တာက ၂၉.၄ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်က ကလေးငယ်တွေရဲ့ လေးပုံတစ်ပုံကို သုတေသန ပြုလုပ်ထားတာဖြစ်ပြီး ကာကွယ်နိုင်တဲ့ ရောဂါတွေ ဒါမှမဟုတ် မတော်တဆမှုတွေကြောင့် သေဆုံးတာ၊ အရွယ်မတိုင်မီ လက်ထပ်တာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုပြဿနာ၊ အကြမ်းဖက်မှုတွေ၊ ကျောင်းမနေနိုင်တာ၊ အလုပ်လုပ်ရတာနဲ့ အာဟာရချို့တဲ့တာ စတဲ့ပြဿနာတွေဟာ ကလေးတွေဘဝ ဆုံးရှုံးစေတဲ့ အဓိက အကြောင်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Save the Children ရဲ့ ဌာနဒါရိုက်တာ Mr. Michael  McGrath က “မြန်မာနိုင်ငံမှာ ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ဖို့အတွက် ဆောင်ရွက်စရာတွေ အများကြီးရှိနေတာကို ဒီအဆင့် သတ်မှတ်ချက်က ဖော်ပြနေပေမယ့် တိုးတက်လာတာတွေကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့ ပုညှက်မှုနှုန်း ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါဟာ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေနဲ့ ကြိုတင်ကာကွယ်နိုင်မှုတွေကြောင့် ဖြစ်ပြီး ဆက်ပြီးကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ အလားအလာရှိတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အဆင့် ၁၁၆၊ ၁၃၀ နဲ့ ၁၃၄ အဆင့်တွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အောက်မှာဖြစ်ပါတယ်။

တရုတ်နဲ့ ထိုင်းကတော့ မြန်မာနိုင်ငံရဲ့ အထက်မှာ ရှိနေပြီး အဆင့် ၄၁ နဲ့ ၈၄ တို့ဖြစ်ပါတယ်။

နော်ဝေနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေဟာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်နိုင်မှုမှာ အကောင်းဆုံးအဆင့် သတ်မှတ်ခံထားရပြီး၊ အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ နိုင်ဂျာနဲ့ အန်ဂိုလာ နိုင်ငံတွေကတော့ အဆိုးဆုံး အဆင့်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013