DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လှိုင်မြစ်အနောက်ဘက်ကမ်းရှိ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံ
DVB
·
June 1, 2017
ရန်ကုန်လှိုင်မြစ်အနောက်ဘက်ကမ်းရှိ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်အနောက်ဘက် တဖက်ကမ်းရှိ ဒေသခံ ပြည်သူတွေဟာ  သောက်သုံးရေကို ခက်ခဲစွာ ဝယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်ကမ်း အလတ်ချောင်းရပ်နေ ဒေါ်သိင်္ဂီက “ပင်လယ်ရေငန်တွေ ဝင်ရောက်မှုကြောင့် ရေတွင်းရေကန်တွေက နွေရာသီမှာ ပိုမိုသုံးစွဲရာ ရေခန်းခြောက်ကာရေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့ရတယ်။ မိုးတွင်းရောက်ပေမယ့်လည်း သောက်သုံးရေတွေကို မိုးရေနဲ့ခံယူသုံးစွဲနေရ သလို ဝယ်ယူပြီး သုံးစွဲရတာလည်း ရှိနေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်နေ ဦးစိန်သန်းက “လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ရပ်ကွက် ၄ ရပ်ကွက်မှာ လူဦးရေ ထောင်ဂဏန်းလောက်သာရှိခဲ့ပေမယ့် ရာသီဥတုပြောင်းလဲလာတာနဲ့ အမျှ ရွှေ့ပြောင်းအချေချနေထိုင်သူတွေ များပြားလာပြီး နွေရာသီမှာ ရေကန်ပိုမိုခန်းခြောက်လာတဲ့ အတွက် ရေပြတ်လပ်မှုတွေလည်း နှစ်စဉ်ကြုံတွေ့နေဆဲ ဖြစ်တယ်”လို့ ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ ၂၀၁၇ မေလအထိမှတ်တမ်းတွေအရ ရပ်ကွက် ၄ ရပ်ကွက်ရှိ အိမ်ထောင်စု ၉၆၃၂ စုမှာ လူဦးရေပေါင်းမှာ ၄ သောင်းကျော်လောက်ရှိကာ ရေကန်ပေါင်း ၃၂ ကန်ရှိပြီး ပင်လယ်ပြင်ရေမျက်နှာပြင်ပျမ်းမျှအမြင့် ၃၆ ပေရှိကာ ၂၀၁၆ ခုနှစ်ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၈.၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013