DVB Logo
Home
မြန်မာသတင်း
စပါးခင်းထဲရေသွားကြည့်သူ မိုးကြိုးပစ်ခံရပြီး သေဆုံး
DVB
·
June 1, 2017
စပါးခင်းထဲရေသွားကြည့်သူ မိုးကြိုးပစ်ခံရပြီး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ် ကျွတ်ကန်ကျေးရွာမှာ မေလ ၃၁ ရက် ညနေ ၆ နာရီခွဲလောက်က အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျွတ်ကန်ကျေးရွာမြောက်ဘက် ၂ မိုင်လောက်မှာ မေ ၃၁ ရက် ညနေ ၆ နာရီခွဲလောက်က ပါးစိုက်ပျိုးထားတဲ့ လယ်ထဲရေ ရ/မရ သွားကြည့်တဲ့ ဦးမောင်ညွှန့်မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာပါ။

ရွှေတောင်ရဲစခန်းက စခန်းမှူးရဲအုပ် ကျော်နိုင်စိုးက “ခေါင်းကဆံပင်တွေ မီးလောင်ထား တယ်။ နဖူးမှာ အရေပြားမဲပြီး မီးလောင်ထားတယ်။ ခေါင်းကို မိုးကြိုးပစ်ပုံပေါ်တယ်။ လျှာထိုး ဦးထုပ်ပါ လောင်ထားတာတွေ့တယ်” ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထူး က “အဲဒီ  လယ်တောဘက်မှာ အရင်ရက်တွေက သစ်ပင် နှစ်ပင်မိုးကြိုးပစ်ထားတယ်။ အဲဒီဘက်ကို မိုးရွာရင်မသွားဖို့ လော်စပီကာနဲ့ အော်ထားတယ်။ ဦးမောင်ညွှန့်က မိုးမရွာခင် အဲဒီဘက်မှာရှိတဲ့ စပါးခင်းရေသွားကြည့်တယ်။ မိုးရွာပြီးမှောင်တဲ့ အထိပြန်မလာလို့ လိုက်ရှာကြတယ်။ သူ့သား ဇင်ကိုက သူ့အဖေ အလောင်းတွေ့တာပေါ့။ မိုးကြိုးပစ်သွားတာသိသာပါတယ်"'လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၇)နဲ့ အမှု ဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/ မဟုတ်စစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013