
လမ်းမပေါ်မှာ ငှက်ကလေးတွေနဲ့ ဆော့ကစားကာ ပျော်ရွှင်မြူးထူးနေတဲ့ ဆင် ပေါက်စကလေးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအင်တာနက်စာမျက်နှာ တွေပေါ်မှာ တကျော့ပြန် ရေပန်းစားနေခဲ့ပါတယ်။
ဒါဟာ တောင်အာဖရိကနိုင်ငံ၊ ကရူဂါ အမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက ယူကျု့အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။
သူ့အနီးအနား နီးနီးကပ်ကပ် ပျံဝဲနေခဲ့တဲ့ ငှက်အုပ်စုတွေကြားမှာ ပျော်ရွှင်မြူးထူးနေတဲ့ ဆင်ပေါက်စကလေးရဲ့ သွင်ပြင်ကို ကြည့်ရတာ ကြည်နူးစရာပါပဲ။
ဆင်ကလေးရဲ့ အနားကို ငှက်ကလေးတွေက တိုးကပ်လာလိုက်၊ လိုက်ဖမ်းဖို့ ကြိုး စားလိုက်နဲ့ သူဟာ ခုန်ပေါက်ပျော်ရွှင်ပြေးလွှားနေတာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုခဲ့ကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။










