DVB Logo
Home
မြန်မာသတင်း
အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု တပ်မတော်ထုတ်ပြန် (ရုပ်သံ)
DVB
·
May 31, 2017
အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု တပ်မတော်ထုတ်ပြန် (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးမိခဲ့တဲ့ အရပ်သား ၄ ဦးကို တပ်မတော်သားအချို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ စိစစ်နေပြီး ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

လက်ထိတ်ခတ်ထားတဲ့ အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်တာ၊ သံခမောက်နဲ့ မျက်နှာကို ဖြတ်ရိုက်တာအပြင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက်က ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ့တပ်မတော်ဘက်က အခုလို ထုတ်ပြန်လိုက်တာပါ။

“ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ အရပ်ဝတ် အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးကို တပ်မတော်သားတချို့မှ ကိုယ်ထိလက်ရောက်ပြုမူနေသည့် လူမှုမီဒီယာပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စိစစ်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း” တပ်မတော် ကာကွယ်ရေးဦးစီချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး နှိပ်စက်နေတဲ့အပေါ် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013