DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် စေတနာရှင်လူငယ်များ ကျောင်းသုံးပစ္စည်းများ အခမဲ့လှူဒါန်း (ဓာတ်ပုံ)
DVB
·
May 31, 2017
မြိတ်တွင် စေတနာရှင်လူငယ်များ ကျောင်းသုံးပစ္စည်းများ အခမဲ့လှူဒါန်း (ဓာတ်ပုံ)
1 / 6
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ စေတနာရှင်လူငယ်တွေ စုပေါင်း အလှူငွေနဲ့ ကျောင်းသူ/သား၂၀၀၀) လောက်နဲ့ ဘက ကျောင်းတွေအပါဝင် မိဘမဲ့ ကလေးဂေဟာတွေကို ကျောင်းသုံး လွယ်အိတ်တွေနဲ့ စာရေးကိရိယာတွေကို မေ ၃၁ ရက်နေ့ လှူဒါန်းခဲ့ကြပါတယ်။

မြိတ်မှာ နှစ်စဉ် ကျောင်းဖွင့်ရာသီရောက်တိုင်း အခုလိုလှူဒါန်းပေးနေတာလို့ ဦးဆောင်သူ ဦးကိုလင်းက ပြောပါတယ်။

“ကျနော်တို့က နှစ်စဉ် ကျောင်းဖွင့်ရာသီနဲ့ ကျောင်းမဖွင့်မီရက်တွေမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ဆင်းနွမ်းပါးတဲ့ ချို့တဲ့ ကျောင်းသူ/သားတွေကို ပညာရေးကဏ္ဍ ကူညီပံ့ပို့တဲ့ အနေနဲ့ ကျောင်းသုံးစာရေးကိရိယာတွေကို ပုံမှန် လှူဒါန်းပေးကြပါတယ်။”

ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းပွဲကို မြိတ်တောင်ကျေးရွာအုပ်စု၊ တရုတ်တန်းရပ်ကွက် အေးချမ်းဖြူစင်လမ်းမှာ ဒီနေ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းနှင့် သတင်းပုံ

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013