DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်း မိုရာကြောင့် ဆုံးရှုံးပျက်စီးသွားခဲ့ရတဲ့ ဘ၀များ (ဓာတ်ပုံ)
DVB
·
May 31, 2017
Gallery image 1
1 / 22
Donate to DVB

ကမ္ဘာမှာ သဘာဝဘေးဒဏ်ကို နှစ်စဉ် အခံရဆုံးနိုင်ငံတွေထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုနှစ်မှာလည်း မိုးဦးအစကတည်း မိုးသက်လေပြင်းမုန်တိုင်းတွေရဲ့ ဒဏ်ကို ပြည်သူတွေ စတင်ခံစားနေကြရပါပြီ။

အခု မေလ ၃၀ ရက် မနက်စောစောမှာ မိုရာဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို အားကောင်းကောင်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့ရာက မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းဒေသက မြို့တွေအပြင် ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲက မြို့တွေမှာပါ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတာပါ။

မုန်တိုင်းအရှိန်ကြောင့် သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်မီးတိုင်တွေလဲပြိုကျ၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပျက်စီးသွားသလို ကျောင်းသူကျောင်းသားတွေ ပညာသင်ယူဖို့ ကျောင်းဖွင့် ရာသီချိန် စတင်ချိန် ရက်ပိုင်းအလိုမှာမှ မုန်တိုင်းကြောင့် ကျောင်းဆောင်တွေ ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီးကျောင်းနဲ့ စေတီဘုရားတွေ လမ်းတွေ တံတားတွေလည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးကြရတာဖြစ်လို့ ဒေသခံ ပြည်သူတွေနဲ့ အစိုးရအနေနဲ့ သဘာဝဘေး ဒဏ်ကနေ ပြန်လည်ထူထောင်ဖို့ အသစ်တဖန်ပြန်လည်ကြိုးစား ကြရဦးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- လူကယ်ပြန်ဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013