DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ၁၁ နှစ်အရွယ် ယောက်ျားလေးတဦး အဓမ္မပြုကျင့်ခံရ
DVB
·
May 31, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက်မှာ မေလ ၃၀ ရက် ညပိုင်းက အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတဦးကို အသက်၂၇ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

မေလ ၃၀ ရက် ည ၁၀ နာရီလောက်မှာ ပုရစ်သွားကောက်တဲ့ ၁၁ နှစ်အရွယ် ကလေးကို ဖြူးမြို့နယ်၊ ကြက်ပေါင်းချောင်းရွာနေ ကိုစိုင်းက အောင်မေတ္တာရပ်ကွက်ရှိ အေးရိပ်သာဓမ္မာရုံအနီး သရက်ပင်ကြီးအောက်ကို ခေါ်ကာ အလိုမတူဘဲ ဓမ္မတာအတိုင်းမဟုတ်ဘဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် အရေးယူပေးဖို့ မိခင်ဖြစ်သူက တိုင်ကြားထားကြောင်း ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

အင်းတော်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်တဲ့ ကိုစိုင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013