DVB Logo
Home
မြန်မာသတင်း
မိုရာဆိုင်ကလုန်းကြောင့် ညောင်ဦးတွင် ဘုန်ကြီးကျောင်း၊ နေအိမ်များ ပျက်စီး
DVB
·
May 31, 2017
Donate to DVB

မိုရာဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်ခဲ့တဲ့ ညောင်ဦးမြို့နယ်တွင်းက စေတီ၊ ဘုန်ကြီးကျောင်း၊ နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ် စဥ့်ကူရဲစခန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာနဲ့ မြေသန့်တောင်ကျေးရွာတွေမှာ မေ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်က မိုးနဲ့အတူ မုန်တိုင်းလေပြင်း တိုက်ခိုက်ခဲ့တဲ့အတွက် စေတီ ၂ ဆူ ထီးတော်မြေခကာ သိမ်ကျောင်း အမိုးလန်ခဲ့ပြီး လူနေအိမ် ၇၈ လုံးလောက် ပျက်စီးခဲ့တာပါ။

ညောင်ဦးမြို့နယ်၊ စဥ့်ကူရဲစခန်း စခန်းမှူး အောင်မိုးကျော်က “နေ့လယ် ၁၂ နာရီ ၄၅ မိနစ် လောက်က မိုးနဲ့လေကနေ လေပွေလေဆင်နှာမောင်းလို ၅ မိနစ်လောက်ဖြစ်ခဲ့တယ်။ မြေသန်တောင် ကျေးရွာမှာ အိမ် ၄ လုံးပြိုတယ်။ အမိုးလန်တာ ၁၁ အိမ်၊ ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်း ၃၃ သိန်း ၅ သောင်းပါ။ ကြအိုကျေးရွာမှာတော့ စာသင်ကျောင်းက အဆောက်အဦ ၇ လုံးမှာ ၃ လုံးပြိုကျတယ်။ ၄ လုံး အမိုးလန်တယ်၊ ဆုံးရှုံးမှုက သိန်း ၅၂၀၊ ကြအို အရှေ့မင်းကျောင်က စေတီနှစ်ဆူ ထီးတော်ကျိုးကြတယ်။ သိမ်အမိုးလန်တယ်။ ဆုံးရှုံးမှုက ၁၅ သိန်းခန့်ပါ။ လူနေအိမ် ၁၀ လုံး၊ တဲ ၂ လုံးပြိုတယ်။ အမိုးလန်တာ ၅၁ လုံးရှိတယ်။ ဆုံးရှုံးမှု တန်ဖိုးက ၁,၄၇,၁၁,၀၀၀ ကျပ်ခန့် ရှိတယ်။ စုစုပေါင်း ဆုံးရှုံးမှု ၇၁၅,၆၁,၀၀၀ ကျပ်ခန့်ရှိပါတယ်”လို့ ပြောပါတယ်။

လေဘေးသင့်နေရာကို စဥ့်ကူရဲစခန်းမှ တာဝန်ရှိသူတွေ၊ စဥ့်ကူ၊ ညောင်ဦးမြို့နယ်တွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ညောင်ဦးမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်က တပ်မတော်သားတွေက ကူညီဆောင်ရွက်ခဲ့တယ်လို့ ဒေသခံ ပရဟိတလူငယ်တဦးက ပြောပါတယ်။

သတင်း - ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013