
ရန်ကုန်မြို့မှ မျက်စိအထူးကုဒေါက်တာ ဒေါ်နီလာသိန်း ဦးဆောင်တဲ့အဖွဲ့ ဆရာဝန်ကြီးတွေနဲ့အဖွဲ့ဟာ ဂန့်ဂေါမြို့၌ မျက်စိဝေဒနာရှင်တွေကို အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုတွေကို ၃ ရက်တိုင် ဆောင်ရွက်ပေးနေပါတယ်။
တနေ့ကို မျက်စိဝေဒနာရှင်ပေါင်း ပထမရက်အနေနဲ့ ပြသသူပေါင်း ၈၀၀ ဦးကျော် လာရောက်ပြသတာ တွေ့ရပြီး မျက်စိဝေဒနာရှင်များထဲမှ အတွင်းတိမ်၊ အပြင်တိမ် အကြီးစား ခွဲစိတ်တာအတွက် ခွဲစိတ်ခ ငွေကြေးအခက်အခဲ ပြေလည်စေရန်အတွက် အဓိကဦးစားပေး စီစဉ်ဆောင်ရွက်ပေးနေတာပါ။
လာရောက်ပြသသူ မျက်စိဝေဒနာရှင်တွေရဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ ကြိုဆိုနေရာချထားရေးတွေကို မြို့ပေါ်ရှိ ပရဟိတအဖွဲ့တွေက ကူညီဆောင်ရွက်ပေးပါတယ်။
ရန်ကုန်မြို့က မျက်စိအထူးကုဆရာဝန်နဲ့အဖွဲ့ ၂၈ ဦး၊ ပခုက္ကူမြို့မှ ၄ ဦး၊ ကလေးမြို့မှ ၁ ဦး၊ မြို့ပေါ်ပြည်သူ့ဆေးရုံက ဝန်ထမ်းအင်အား ၁၃၀ ဦး၊ ပရဟိတ ကူညီဆောင်ရွက်သူ ၇၀ ဦးကျော်တို့နဲ့အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်။ ရန်ကုန် မျက်စိအထူးကု ဆရာဝန်တွေနဲ့အတူ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းသမီး လှမျိုးသဉ္ဇာနွယ်လည်း ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံထိ လိုက်ပါကူညီခဲ့ပါတယ်။
စမ်းသပ်စစ်ဆေးမယ့်ရက် မေ ၃၀ မှ ဇွန် ၁ ရက်နေ့အထိ ၃ ရက်တာ သတ်မှတ်ထားပြီး နံနက် ၇ နာရီမှ ညနေ ၇ နာရီထိ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်လူနာတွေကို ခွဲစိတ်ဆရာဝန်များ အချိန်ပြည့် အလှည့်ကျ ခွဲစိတ်ဆောင်ရွက်ပေးနေတာပါ။
သတင်း၊ ဓာတ်ပုံ - ယောသားလေး သန်းဝင်းနိုင်











