DVB Logo
Home
မြန်မာသတင်း
ရပ်နားထားသည့်ကားကို ခရီးသည်တင်ယာဉ် ၀င်တိုက်၊ ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
DVB
·
May 31, 2017
Donate to DVB

မန္တလေးကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ရွှေမန်းသူ ခရီးသည်ယာဉ်ဟာ ဒီနေ့မနက် ၂ နာရီလောက်က ရပ်နားထားတဲ့ Light Truck ကားကို ၀င်တိုက်မိပြီး ၂ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်က  မန္တလေးဘက်ကနေ ရန်ကုန် မောင်းနှင်းလာတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်အမှတ် ၂၀၇/၄ နဲ့ ၂၀၇/၅ ကြားမှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ Light Truck ကားကို နောက်ကနေ ၀င်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် Express ကားပေါ်က ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် Light Truck ကားပေါ်မှာရှိတဲ့ ယာဉ်မောင်းအပါအ၀င် ၁၈ ဦးကတော့ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာမှာတင် ၂ ဦးသေဆုံး ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းစခန်းက Express ယာဉ်မောင်းကို ယာဉ် (ပ)၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/ ၃၃၈/ ၃၃၇/ ၂၀၂ တို့နဲ့ အရေးယူဆောင်ရွက်နိုင် ဒုရဲအုပ် မျိုးမင်းလတ်က တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013