DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့၌ ကျောင်သားငယ် ၂ ဦး ရေနစ်သေဆုံး
DVB
·
May 31, 2017
ကျောက်တံခါးမြို့၌ ကျောင်သားငယ် ၂ ဦး ရေနစ်သေဆုံး
1 / 3
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မှာ မေ ၃၀ ရက် ညနေ ၄ လောက်က ကျောင်းသား ငယ် ၂ ဦး မြေတူးထားတဲ့ ကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ ကျောက်တံခါးမြို့မရဲစခန်းက ပြောပါတယ်။

ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ခေတ္တရာ ၆ လမ်း သုသာန်အနီးမှာရှိတဲ့ အလျား ၇၀ ပေ အနံ ၄၀ ပေ ရေအနက် ၁၅ ပေလောက်ရှိတဲ့ မြေသားဘောင်ဖို့ထားတဲ့ ရေကန်ဟောင်းမှာ  ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်နေသူ အသက် ၁၂ အရွယ် ဖိုးလပြည့် (ခ) ပြည့်ဖြိုးအောင်နဲ့ အငယ်လေး (ခ) ထက်အောင်ဝေ ၁၂ နှစ်တို့ ကန်အတွင်းရေဆင်းကူးခဲ့ရာ ပြန်မပေါ်လာတဲ့အတွက် အနီးမှာ ဆော့ကစားနေတဲ့ ၁၃ နှစ်သား အရွယ်ကလေးငယ် ၁ ဦးက လူကြီးတွေကို ပြန်လည်ပြောကြားရာမှ ရေကူးကျွမ်းကျင်သူတွေက ရေငုပ်ရှာဖွေခဲ့ရာ ရေနစ်သေဆုံးနေတဲ့ ကလေးငယ်တွေကို တွေ့ရှိခဲ့ရတာပါ။

ကူညီဆောင်ရွက်ပေးသူ ကိုစိုးနိုင်ဝင်းက "ကျနော်တို့ နှစ်နာရီလောက် ရှာတာတောင် ကလေးနှစ်ယောက်ကို မတွေ့သေးတော့ တွေ့ရင်တောင် အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ညနေ လေးနာရီလောက်မှာ ပထမကလေးတယောက်ကို စတွေ့တယ်။ နွံထဲမှာ နစ်နေတာ၊ နောက်ကလေးကိုတော့ မိနစ် နှစ်ဆယ်လောက်ကွာပြီး ထပ်တွေ့တယ်။ ကလေးတွေကိုတော့ ဆေးရုံကို ပို့ထားတယ်။ ရေငုပ်ကျွမ်းတဲ့ လူနှစ်ယောက် ၀ိုင်းရှာရတာ၊ စိတ်မကောင်းစရာပါပဲ"လို့ ပြောပါတယ်။

အဆိုပါ ကန်မှာ အခုရက်ပိုင်းအတွင်း ရေနစ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အသက်သေဆုံး တာတော့ မရှိခဲ့ပါဘူး။ အဆိုပါကန်ကို ဌာနဆိုင်ရာတွေက အကာအရံပြုလုပ်ပြီး စနစ်တကျ ထားရှိရေးကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။

ဖိုးလပြည့်နဲ့ အငယ်လေးတို့ သေဆုံးရတာ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် ကျောက်တံခါးမြို့မရဲစခန်းက သေမူ/သေခင်းအမှတ်စဉ် ၅/၂၀၁၇နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013