DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်​စော​ဌေး​မောင်အဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ပဏာမသ​ဘောတူညီချက်ရရှိ
DVB
·
February 7, 2012
ဗိုလ်ချုပ်​စော​ဌေး​မောင်အဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ပဏာမသ​ဘောတူညီချက်ရရှိ
Donate to DVB

ဗိုလ်ချုပ်​စော​ဌေး​မောင် ဦး​ဆောင်တဲ့​ ​ကေအန်ယူ/ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီနဲ့​ ကရင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပဏာမ သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ သိရပါတယ်။

နေပြည်​တော် အမရာဟိုတယ်မှာ ပြုလုပ်တဲ့​ ​ဆွေး​နွေး​ပွဲမှာ အချက် ၇ ချက်ပါ သ​ဘောတူညီချက် ရရှိအပြီး​မှာ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​ အဲဒီ ​ဆွေး​နွေး​ပွဲကို ကိုယ်တိုင် တက်​ရောက်သတင်း​ယူတဲ့​ ရန်ကုန်တိုင်း​(မ်)ဂျာနယ်က အယ်ဒီတာချုပ် ဦး​ကျော်စွာမင်း​က ​ပြောပါတယ်။

“တပ်မ​တော်နဲ့​ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီတို့​အကြား​ လက်ရှိတည်ရှိ​နေ​သော ငြိမ်း​ချမ်း​ရေး​ကို ဆက်လက်ထိန်း​သိမ်း​မည်။

“(ခ) ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ ​ကောင်စီဝင်များ​ကို မယ်လ၊​ ထို့​ကောကိုး​ နယ်​မြေများ​တွင် ​နေထိုင်ရန် သ​ဘောတူသည်။

“(ဂ) နှစ်ဖက် အပြန်အလှန် ဆက်သွယ်​ဆွေး​နွေး​မှုများ​ ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်သ​ဘောတူ​သော ​နေရာများ​တွင် နှစ်ဖက်သ​ဘောတူ​သော ပုဂ္ဂိုလ်များ​ဖြင့်​ ဆက်ဆံ​ရေး​စခန်း​များ​ကို ထူ​ထောင်မည်။ ကုမ္ပဏီစီး​ပွား​ရေး​ဆိုင်ရာ ရုံး​များ​ကို ဘား​အံ၊​ မြဝတီ၊​ ဘုရား​သုံး​ဆူ၊​ ​ကော့​ကရိတ်​မော်​တောင်း​၊​ ​ကော့​သောင်း​တို့​တွင် ထား​ရှိမည်။

“(ဃ) ၂ ဖက်သ​ဘောတူ​သော နယ်​မြေများ​မှ​ကျော်လွန်၍ လက်နက်ကိုင်​ဆောင် သွား​လာမှုကို နှစ်ဖက်ကြိုတင်​ဆောင်ရွက်မည်။

“(င) ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နှင့်​ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီမှ အဆင့်​မြင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​သည် နှစ်ဖက် သ​ဘောတူညီ​သော​နေရာ၊​ တူညီ​သောအချိန်ကာလတွင် ​တွေ့​ဆုံမည်၊​ နယ်​မြေတည်ငြိမ်​အေး​ချမ်း​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ တပ်ဖွဲ့​ဝင်များ​ အ​ခြေတကျ ​နေထိုင်လုပ်ကိုင် စား​သောက်နိုင်​ရေး​နှင့်​ ထာဝရငြိမ်း​ချမ်း​ရေး​ရသည်အထိ ဆက်လက်​ဆွေး​နွေး​ရန် သ​ဘောတူသည်။

“(စ) ပဏာမငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ပြီး​သည့်​နောက်တွင် တဖက်နိုင်ငံသို့​ ​ရောက်ရှိ​နေ​သော တိုင်း​ရင်း​သား​တို့​၏ ပြန်လည်ဝင်​ရောက် အ​ခြေချ​နေထိုင်မည့်​ ​နေရာတွင် ၎င်းတို့​၏ စား​ဝတ်​နေ​ရေး​၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လမ်း​ပန်း​ဆက်သွယ်​ရေး​၊​ ​ရေမီး​အစရှိသည့်​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​များ​ အလျင်အမြန် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်နိုင်​ရေး​အတွက် နိုင်ငံ​တော်မှ ခွင့်​ပြု၍ ကိုယ်ထူကိုယ်ထ လုပ်​ဆောင်ခွင့်​ကို ပံ့​ပိုး​သွား​မည်။

“(ဆ) ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီမှ တင်ပြထား​သော ငြိမ်း​ချမ်း​ရေး​အဓိပ္ပာယ်နှင့်​ ဖွင့်​ဆိုချက်များ​အ​ပေါ်မူအား​ဖြင့်​ သ​ဘောတူညီ၍ နှစ်ဦး​နှစ်ဖက် ကြိုး​ပမ်း​သွား​မည်ဖြစ်ပါသည်။”

ကေအန်ယူ/​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီဟာ ပြည်ပ​ရောက် ကရင်ဒုက္ခသည်​တွေ ​နေရာပြန်လည်ချထား​ရေး​အတွက် စီး​ပွား​ရေး​နဲ့​ ရင်း​နှီး​မြှုပ်နှံမှုကို အဓိကထား​တဲ့​ ​တောင်း​ဆိုချက် ၃ ခုကို မြန်မာအစိုး​ရထံ ​တောင်း​ဆိုခဲ့​တယ်လို့​ သိရပါတယ်။

နိုင်ငံတကာ ရင်း​နှီး​မြှုပ်နှံမှုများ​ကို ဖိတ်​ခေါ်ပြီး​ အကျိုး​တူ ပူး​ပေါင်း​ဆောင်ရွက်​ရေး​၊​ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​အပြင် ဟိုတယ်နဲ့​ ခရီး​သွား​ရေး​လုပ်ငန်း​များ​တွေကိုလည်း​ ​တောင်း​ဆိုတယ်လို့​ သိရပါတယ်။

ကေအန်ယူ/​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီကို ဗိုလ်ချုပ်​ဌေး​မောင် ဦး​ဆောင်ပြီး​တော့​ ဗိုလ်ချုပ်​ထော့​လေး​၊​ ဗိုလ်ချုပ်ရင်နု၊​ ဗိုလ်ချုပ် ​နော်က​ပေါ်ထူး​နဲ့​ ဗိုလ်မှုး​ချုပ်တ်ီမသီတို့​ ပါဝင်ပါတယ်။

ကေအန်ယူ/​ကေအန်အယ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ ​ကေအန်ယူက​နေ ခွဲထွက်ခဲ့​ပြီး​ မြန်မာစစ်အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူထား​ပြီး​ အစိုး​ရရဲ နယ်ခြား​စောင့်​တပ် ဖွဲ့​စည်း​ရေး​ကို လက်မခံတဲ့​ အဖွဲ့​လည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013