DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း စိုက်မွေးဝန်ကြီး နုတ်ထွက်ပေးရန် ပုသိမ်မြို့တွင် ဆန္ဒပြ
DVB
·
May 31, 2017
ဧရာဝတီတိုင်း စိုက်မွေးဝန်ကြီး နုတ်ထွက်ပေးရန် ပုသိမ်မြို့တွင် ဆန္ဒပြ
1 / 6
Donate to DVB

 

ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေး ဝန်ကြီး ဦးဘဟိန်းကို နုတ်ထွက်ပေးဖို့နဲ့ ဝန်ကြီးအသစ်ခန့်အပ်ပေးဖို့ ဒေသခံ အင်းလုပ်သားကြီးတွေ က ဆန္ဒပြ တောင်းဆိုပါတယ်။

ယခင်အစိုးရလက်ထက်က ရေလုပ်ငန်းရှင်အင်းသားကြီးတွေကို နှစ်ရှည်ချထားပေးခဲ့တဲ့ ကြေးတိုင်အင်းတွေကို အစိုးသစ်လက်မှာ တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကဆက်လက်ချထားပေးခြင်းမပြုတော့ဘဲရေလုပ်သားငယ်တွေကိုအစုအဖွဲ့ပိုင်အင်းတွေအဖြစ်ချထားပေးတာကို မကျေနပ်လို့ အင်းသားကြီးတွေက မေလ ၃၀ရက်မှာ  ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဝန်ကြီးအနေနဲ့ အင်းသားကြီးတွေရဲ့သဘောတူညီချက်မယူဘဲ ၂၀၁၂ ရေချိုငါးလုပ်ငန်း ဥပဒေကိုချိုးဖောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် ညွန်ကြားချက်ထုတ်ပြန်ခဲ့တဲ့အတွက် ဝန်ကြီးကို အရေးယူပေးဖို့နဲ့ အသစ်ရေးဆွဲနေတဲ့ ရေချိုငါးလုပ်ငန်းဥပဒေမှာ အစုအဖွဲ့ပိုင် ရေလုပ်သားတွေထည့်သွင်းရေးဆွဲမှာကိုလည်း လုံးဝလက်မခံနိုင်ကြောင်း ဆန္ဒပြဦးဆောင်သူ ဦးတင်သန်း ကပြောပါတယ်။

ဆန္ဒပြပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးက အင်းသားကြီးအချို့နဲ့ အင်းလုပ်သားတွေပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို လည်း အရေးယူပေးဖို့နဲ့  ကြေးတိုင်အင်းတွေကို အင်းသားကြီးတွေအတွက် နှစ်ရှည်ပြန်ချပေးဖို့တွေ တောင်းဆိုခဲ့ကြပါတယ်။

အင်းတွေနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း အင်းသားကြီးနဲ့ ရေလုပ်သားငယ်တွေအကြားပဋိပက္ခဖြစ်မှုတွေဟာမကြာခဏဆိုသလိုဖြစ်ပွားခဲ့တာပါ။

အင်းတွေနဲ့ပတ်သက်လို့ ပဋိပက္ခ မဖြစ်ပွားစေဖို့ အားနည်းချက်တွေရှိနေတဲ့ ၂၀၁၂ ရေချိုငါးလုပ်ငန်းဥပဒေကိုပြင်ဆင်ဖို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာဝန်ကြီးဦးဘဟိန်း ကတင်ပြထားပါတယ်။

လက်ရှိအချိန်မှာ ရေလုပ်သားငယ်တွေအလုပ်အကိုင်ရရှိစေဖို့ အစုအဖွဲ့ပိုင်အင်း တွေချထားပေးတာဖြစ်တဲ့အကြောင်းနဲ့  အသစ်ရေးဆွဲတဲ့ဥပဒေမှာလည်း ရေလုပ်သားငယ်တွေ အလုပ်အကိုင်ရရှိစေဖို့နဲ့ ပဋိပက္ခဖြစ်မှုတွေ မရှိစေဖို့အတွက် ရေးဆွဲထားတာဖြစ်တယ်လို့ ဝန်ကြီးက လွှတ်တော်မှာဖြေကြားထားပါတယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013