DVB Logo
Home
မြန်မာသတင်း
၆၅ နှစ်​မြောက် ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ ပြည်တွင်း​ပြည်ပတွင် ကျင်း​ပ
DVB
·
February 7, 2012
၆၅ နှစ်​မြောက် ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ ပြည်တွင်း​ပြည်ပတွင် ကျင်း​ပ
1 / 2
Donate to DVB

ဒီက​နေ့​ ကျ​ရောက်တဲ့​ ၆၅ နှစ်​မြောက် ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ကို ပြည်တွင်း​ပြည်ပ အသီး​သီး​မှာ ကျင်း​ပခဲ့​ကြပါတယ်။

ရန်ကုန်မြို့​ ကိုး​မိုင်​အောင်​မြေဘုံသာ ရှမ်း​ကျောင်း​က ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ကို ရန်ကုန်ရှမ်း​စာ​ပေ၊​ ယဉ်​ကျေး​မှုနဲ့​ ​တောင်ကြီး​အသင်း​ရဲ့​ နာယက ​ဒေါက်တာစိုင်း​ဆန်အိုက်က ဖဲကြိုး​ဖြတ် ဖွင့်​လှစ်​ပေး​ခဲ့​ပါတယ်။

ပြခန်း​မှာ ရှမ်း​ပြည်နယ်​နေ့​ သမိုင်း​ကြောင်း​နဲ့​ ရှမ်း​ပြည်နယ်အလှအပရှုခင်း​၊​ တိုင်း​ရင်း​သား​ ဓာတ်ပုံ​တွေ ခင်း​ကျင်း​ပြသပြီး​ ရှမ်း​ပြည်တိုင်း​ရင်း​သား​ရိုး​ရာအဝတ်အထည်၊​ အစား​အစာ​တွေပါ ခင်း​ကျင်း​ရောင်း​ချကြပါတယ်။

ဒီက​နေ့​ညမှာ ရှမ်း​၊​ ပအိုဝ့်​၊​ ပ​လောင်၊​ အင်း​သား​၊​ ဓနု စတဲ့​ တိုင်း​ရင်း​သား​ပေါင်း​စုံ အကပ​ဒေသာပွဲနဲ့​အတူ ရှမ်း​ပြည်နယ်ဖွား​ နာမည်ကြီး​ အဆို​တော်​တွေပါ လာ​ရောက်​ဖျော်​ဖြေကြမယ်လို့​ ပွဲဖြစ်​မြောက်​ရေး​ ​ကော်မတီဝင် ​ဒေါ်နန်း​ဝိုး​ဆိုင်က ​ပြောပါတယ်။

“ဒီနှစ်က​တော့​ ပထမဆုံး​ လုပ်တာဆို​တော့​ အား​လုံး​ကလည်း​ အတတ်နိုင်ဆုံး​တော့​ ကြိုး​စား​ကြတယ်။ အက​တွေအား​လုံး​က​တော့​ ၁၃ဖွဲ့​ ရှိတယ်။ ​တောင်ကြီး​အသင်း​၊​ ပအိုဝ့်​ယဉ်​ကျေး​မှုအသင်း​၊​ တက္ကသိုလ်များ​ ရှမ်း​စာ​ပေယဉ်​ကျေး​မှု အသင်း​၊​ မြို့​နယ်အသင်း​၊​ အင်း​ယဉ်​ကျေး​မှုအသင်း​ပေါ့​။ အဲဒါ​တွေပါပဲ။”

ရန်ကုန်က ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ကို ပြီး​ခဲ့​တဲ့​နှစ်​တွေတုန်း​က နှစ်စဉ် ကျင်း​ပခဲ့​ပေမယ့်​လည်း​ အာဏာပိုင်​တွေက ရှမ်း​ပြည်နယ်​နေ့​၊​ ရှမ်း​အမျိုး​သား​နေ့​ဆိုတဲ့​ ​ခေါင်း​စည်း​နဲ့​ ပွဲမိန့်​ မ​ပေး​ခဲ့​တဲ့​အတွက် တိုင်း​ရင်း​သား​ရိုး​ရာ ပ​ဒေသာကပွဲဆိုတဲ့​ အမည်နဲ့​သာ ကျင်း​ပခဲ့​ရပြီး​ ဒီနှစ်က​တော့​ ထူး​ထူး​ခြား​ခြား​ ရှမ်း​ပြည်နယ်​နေ့​ဆိုတဲ့​ အသုံး​အနှုန်း​ကို သုံး​ခွင့်​ပေး​လိုက်တယ်လို့​ နန်း​ဝိုး​ဆိုင်က ​ပြောပါတယ်။

ဒါ့​အပြင် ရှမ်း​ပြည်နယ်က ​တောင်ကြီး​၊​ ပင်လုံ၊​ မိုင်း​ပန်၊​ မူဆယ်၊​ နမ့်​ခမ်း​ စတဲ့​ မြို့​တွေမှာလည်း​ ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ကို ကျင်း​ပခဲ့​တယ်။

ပြည်နယ်မြို့​တော် ​တောင်ကြီး​မြို့​ ရှမ်း​စာ​ပေအသင်း​တိုက်မှာ လုပ်တဲ့​ အခမ်း​အနား​ကို ရှမ်း​ပြည်နယ်ဝန်ကြီး​ချုပ် ဦး​စဝ်​အောင်မြတ်ကိုယ်တိုင် တက်​ရောက်ဖွင့်​လှစ်​ပေး​ခဲ့​ပြီး​ ထူး​ထူး​ခြား​ခြား​ ဒီနှစ်မှာ ရှမ်း​ပြည်နယ်အလံကို အိမ်တိုင်း​မှာ လွှင့်​ထူကြတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဒါ့​အပြင် မ​လေး​ရှား​နိုင်ငံ​ရောက် ရှမ်း​တိုင်း​ရင်း​သား​များ​ကလည်း​ ရှမ်း​ပြည်နယ်​နေ့​ အခမ်း​အနား​ကို ကျင်း​ပခဲ့​ပါတယ်။

လွန်ခဲ့​တဲ့​ ၁၉၄၇ ခု ​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့​မှာ ရှမ်း​စော်ဘွား​များ​နဲ့​ ​တောင်တန်း​ဒေသ ပြည်သူကိုယ်စား​လှယ်​တွေ စည်း​လုံး​ညီညွတ်မှု ရရှိပြီး​ နယ်ချဲ့​အင်္ဂလိပ် လက်​အောက်က လွတ်လပ်​ရေး​ရယူဖို့​ သ​ဘောတူညီချက် ရခဲ့​တယ်။ အဲဒီ​နေ့​ကို ရှမ်း​ပြည်နယ်ရှိ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ အမျိုး​သား​နေ့​၊​ ရှမ်း​ပြည်နယ်​နေ့​အဖြစ် သတ်မှတ်ခဲ့​တာ ဖြစ်ပါတယ်။

မကြာ​သေး​ခင်ကမှ အစိုး​ရနဲ့​ အပစ်အခတ်ရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ ​ကောင်စီကလည်း​ ရှမ်း​ပြည်နယ်​နေ့​နဲ့​ ရှမ်း​အမျိုး​သား​နေ့​ အခမ်း​အနား​ကို ထိုင်း​-မြန်မာနယ်စပ် လွိုင်တိုင်း​လန်ဌာနချုပ်မှာ ဒီက​နေ့​ ကျင်း​ပခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013