DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကြက်ဥများ မီးရှို့ဖျက်ဆီး
DVB
·
May 31, 2017
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကြက်ဥများ မီးရှို့ဖျက်ဆီး
1 / 10
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ကြက်ဥတွေကို ကောလင်းဘူတာမှာ မေလ ၂၉ ရက်နေ့ည ၁၁ နာရီအချိန် တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မေလ ၃၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် တိမွေးကုဦးစီး ဦးတင်ဝင်းရွှေက ပြောပါတယ်။

မေလ ၂၉ ရက် ည ၁၁ နာရီအချိန်က တရားမဝင် တင်သွင်းလာတဲ့ ကြက်ဥဖာ ၁၀ ဖာကို ကောလင်းဘူတာမှာ တွေ့ရှိရပြီး သိမ်းဆည်းခဲ့ပါတယ်။ ကောလင်းမြို့နယ် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် တင်သွင်းမှု ကြိုတင်တားဆီးကာကွယ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မေလ ၃၀ ရက်မွန်းလွဲ ၂ နာရီအချိန်မှာ ကြက်ဥဖာ ၁၀ ဖာ၊ ၁ ဖာမှာ ကြက်ဥ ၃၆၀ ပါ စုစုပေါင်း ကြက်ဥ ၃၆၀၀ ကို ဌာနဆိုင်ရာပေါင်းစုံက တိမွေးကုရုံးမှာ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် တိမွေးကုဦးစီး ဦးတင်ဝင်းရွှေက ပြောပါတယ်။

အဆိုပါ အထောက်အထားမပါရှိဘဲ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကြက်ဥတွေနဲ့ ပတ်သက်ပြီး ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013