
မတ်ပဲ
မတ်ပဲကတော့ ဘုရင့်နောင်ကုန်စည် ဒိုင်ပေါက်ဈေးအရ နေ့စဉ် ဈေးကျဆင်းနေတာကို တွေ့ရပါတယ်။ ဒီကနေ့ ပေါက်ဈေးက ငွေကျပ် ၈၉၆,၀၀၀ ဖြစ်ပါတယ်။ မနေ့ကထက် ၁၀,၀၀၀ ကျပ် ဈေးထပ်ကျသွားပြီး ၁ လလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ငွေကျပ် ၇၀,၀၀၀ ဈေးကျသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ အရည်အသွေးကောင်းတဲ့ အထက်စတွေက ၁ ပိဿာကို ၈၅၀ ကျပ်နဲ့ ဈေးတည်ငြိမ်နေပါတယ်။ အလုံးသေးတွေကတော့ ၁ ပိဿာကို ၂၀၀ ကျပ်ကျော် ဈေးတက်လာပြီး ၁ ပိဿာကို ၈၀၀ ထိ ရှိပါတယ်။
နှမ်းဖြူ
မန္တလေးကုန်စည် ဒိုင်မှာတော့ နှမ်းမျိုးစုံဈေးတွေ အနည်းငယ် တက်လာပါတယ်။ နှမ်းဖြူ ၁ တင်းကို မနေ့ကထက် ငွေကျပ် ၁၁,၀၀၀ လောက် ဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၁၁၁,၀၀၀ ကနေ ၁၁၂,၀၀၀ ကျပ်ထိ ရှိပါတယ်။
စိန်တလုံးသရက်
သရက်ထွက်ရာသီ ဖြစ်တဲ့အတွက် မူဆယ်ကုန်စည်နဲ့ အသီးအနှံပွဲရုံတွေမှာ စိန်တလုံးသရက်သီးက အရောင်းအဝယ် ကောင်းနေပါတယ်။ ဒီကနေ့ပေါက်ဈေးက ငွေကျပ် ၁၉,၄၀၀ ကနေ ၂၆,၀၀၀ ကျပ်ကျော်ရှိပြီး မနေ့ကထက် ၁ ဖာမှာ ၂၀၀၀ ကျပ်နီးပါး ဈေးတက်လာ ပါတယ်။
သရက်မျိုးစုံကို တရုတ်အပြင် စင်ကာပူ၊ ဒူဘိုင်းနဲ့ အခြားနိုင်ငံတွေကိုလည်း တိုက်ရိုက်တင်ပို့နေပြီ ဖြစ်လို့ ဈေးတက်လာတာကို တွေ့ရပါတယ်။
ပဲပုပ်(ရှမ်း)
ရှမ်းပြည်ဒေသထွက် ပဲပုပ် ၁ အိတ်ကို ၁၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ်ထိ ရှိနေါတယ်။
စီပီပြောင်း
လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါဘက်ကထွက်တဲ့ စီပီပြောင်းကတော့ ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်ဈေးအရ ၁ ပိဿမှာ ၈၀ ကျပ်လောက် ဈေးကျသွားပါတယ်။
ဒီနေ့ကတော့ အနိမ့်ဆုံးပေါက်ဈေး ၃၀၀ ကျပ်ကနေ ၄၂၀ ကျပ်ထိ ပေါက်ဈေးရှိပါတယ်။
အာလူး
အာလူး ၁ ပိဿကို ၁၀၀ ကျော် ဈေးတက်သွားပါတယ်။ အောင်ပန်း၊ ဟဲဟိုး ဒေသထွက် အာလူး ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၅၆၀ ကျပ်ထိ ဈေးရှိနေပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ၁ ပိဿာကို ၁၀၀ ကျပ်ဝန်းကျင်လောက် ဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁၆၅၀ ကျပ်ကနေ ၁၉၁၅ ကျပ်ပေါက်ဈေး ရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











