DVB Logo
Home
မြန်မာသတင်း
မြေပုံတွင် မိုရာမုန်တိုင်းကြောင့် ဘာသာရေးအဆောက်အဦများ၊ နေအိမ်များနှင့် ကြိုးတံတားများ ပျက်စီး
DVB
·
May 30, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း မေလ ၃၀ ရက်နေ့ မိုရာဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အဦအချို့နဲ့ နေအိမ်တွေ ပျက်စီးမှုတွေရှိပြီး ရသေ့တောင်မြို့နယ်၊ သရက်ချောင်ကျေးရွာ မေယုအားမာန်ကြိုးတံတား မုန်တိုင်းတိုက်လို့ ကြိုးတံတားတခုလုံး ပျက်စီး ရေထဲမျောပါသွားပါတယ်။

မြေပုံမြို့အတွင်း မိုရာဆိုင်ကလုံးမုန်တိုင်းကြောင့် စာသင်ကျောင်း ၈ ကျောင်းနဲ့ ဘာသာရေး အဆောက်အဦ ၆ ခု၊ နေအိမ် ၁၅ လုံး ပြိုပျက်စီးသွားတယ်လို့ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

“မြေပုံ ရပ်ကွက်တချို့မှာ နေအိမ်ခေါင်မိုးတွေ လန်တာတွေ၊ ပျက်စီးတာတော့ အချို့ ရှိပါတယ်။ နယ်ဘက်တွေမှာတော့ စာသင်ကျောင်း ၈ ကျောင်း၊ ခေါင်အမိုးလန်တာတွေ၊ ပျက်စီးသွားတာတွေ ရှိတယ်။ ဘာသာရေး အဆောက်အဦတွေကတော့ ၆ ခုလောက်ရှိပါတယ်။ နေအိမ်ကတော့ ၁၅ လုံး ပြိုသွားတယ်။ မြေပုံမြို့နယ်၊ ငရွှေပြင်အုပ်စု၊ တောင်ညိုကျေးရွာမှာတော့ မုန်တိုင်းတိုက်လို့ ဘုရားဆင်းတုတွေ ပျက်စီးသွားပါတယ်။”

မြေပုံမြို့နယ်အတွင်းက မိုရာဆိုင်ကလုံးမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဘာသားရေး အဆောက်အဦတွေ၊ နေအိမ်တွေကို စာရင်းကောက်ယူထားပြီး ပြည်နယ်အစိုးရထံကို တင်ပြထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သရက်ချောင်ကျေးရွာ မေယုအားမာန် ကြိုးတံတားဟာ မိုရာ ဆိုင်ကလုံးမုန်တိုင်းကြောင့် တံတားတခုလုံး ပျက်စီးပြီး ရေထဲ မျောပါသွားတယ်လို့ ရသေ့တောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီကို ပြောပါတယ်။

“မုန်တိုင်းအချိန်ကြောင့် ကြိုးတံတားတခုလုံး ပျက်စီးသွားတယ်။ ရေထဲ မျောပါသွားပါတယ်။ အဲဒီအနီးအနား ကျေးရွာ ကျောင်းသူ/ကျောင်းသားတွေ အဒီတံတားကို မှီခိုသွားလာနေကြတာ။ အခု လတ်တလောမှာတေ့ အဲ့ဒီအနားက ကျေးရွာသက်ဆိုင်ရာလူကြီးတွေ ခေါ်ပြီးတော့ ဆွေးနွေးနေကြပါတယ်။”

အဲဒီတံတားကို မကြာသေးခင်က ရသေ့တောင်မြို့က ဦးထွန်းရွှေသိန်းက အလှူငွေမတည်ပြီး အနီးအနားက ကျေးရွာတွေအလှူရှင်နဲ့ တည်ဆောင်ထားတဲ့ ကြိုးတံတားလို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013