DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေပေါ် ရိက္ခာစိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံဘဏ္ဍာခြိုးခြံချွေတာနေဟု ကာကွယ်ရေးဒုဝန်ကြီး ပြော (ရုပ်သံ)
DVB
·
May 30, 2017
တပ်သိမ်းမြေပေါ် ရိက္ခာစိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံဘဏ္ဍာခြိုးခြံချွေတာနေဟု ကာကွယ်ရေးဒုဝန်ကြီး ပြော (ရုပ်သံ)
Donate to DVB

တပ်သိမ်းမြေတွေပေါ်မှာ  ရိက္ခာစိုက်ပျိုးထုတ်လုပ်မှုကနေ ၁ နှစ်ကို နိုင်ငံဘဏ္ဍာ ကျပ် ၇၅ ဘီလီယံ ကျော် ခြိုးခြံချွေတာနေတယ်လို့ ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကာကွယ်ရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က  ပြောပါတယ်။

“တပ်မတော်များရဲ့ ရိက္ခာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဲ့သို့ သတ်မှတ်ပေးမယ်ဆိုရင် တစ်နှစ်ကို ၇၅.၇၉ ဘီလီယံ ထပ်မံလိုအပ်မှာဖြစ်ပါတယ်။ တပ်မတော်အတွက်လိုအပ်တဲ့ ငွေကြေးက နိုင်ငံတော်ဘဂျတ်ကနေ ထပ်မံတောင်းခံခြင်းမပြုပဲနဲ့ တပ်မိသားစုရဲ့ တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးများ၊ တပ်ပိုင်မွေးမြူရေးလုပ်ငန်းတွေကနေ တပ်မိသားစုများကို ဈေးနှုန်း သက်သာစွာ ပြန်လည်ရောင်းချပေးတာတွေနဲ့ ရိက္ခာဖြည့်ဆည်းပေးနေတယ်”လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ လယ်သမား ၁၈ ဦးရဲ့ လယ်မြေ နဲ့ စားကျက်မြေ ၁၀၈.၄၀ ဧကကို အမှတ် ၂၇၀ ခြေလျင်တပ်ရင်းက သိမ်းဆည်းမှုကို မူလပိုင်ရှင်ထံ လွှဲပြောင်းပေးရန် အစီအစဉ်ရှိမရှိ အမျိုးသားလွှတ်တော်အမတ်  ဦးဝေစိန်အောင်က မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး  ဗိုလ်ချုပ်မြင့်နွယ်က ထည့်သွင်း ဖြေကြားခဲ့တာပါ။

မြေတွေကို သိမ်းယူခဲ့စဉ်က ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြန်လည်ပေးအပ်ဖို့ အစီအစဉ်မရှိဘူးလို့လည်း   ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013