DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ထည့်ဝင်ငွေများကို ပိုတန်ဖိုးထားဟု နိုင်ငံတော်အတိုင်ပင်ခံပြော (ရုပ်သံ)
DVB
·
May 30, 2017
ငြိမ်းချမ်းရေးအတွက် ထည့်ဝင်ငွေများကို ပိုတန်ဖိုးထားဟု နိုင်ငံတော်အတိုင်ပင်ခံပြော (ရုပ်သံ)
Donate to DVB

မေလ ၂၉ ရက်နေ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံနောက်ဆုံးနေ့မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းအလှူရှင်တွေရဲ့ ထည့်ဝင်ငွေ စုစုပေါင်းကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဦးဆောင် နာယက ခွန်ဥက္ကာက တင်ပြခဲ့ပါတယ်။

ဒီထည့်ဝင်ငွေလှူဒါန်းသူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာ မပေးဖြစ်တာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဦးဇော်ဌေးက အခုလိုပြောပါတယ်။

"ဒါပြည်တွင်းက လှူတဲ့ အလှူရှင်တွေချည်းပဲ။ အားလုံးပေါင်း ၁၅ ဘီလီယံကျော်တယ်။ ဒါပြီးခဲ့တဲ့ အပတ် နောက်ဆုံးစာရင်းဖြစ်ပါတယ်။ အနည်းဆုံးလှူတဲ့သူက ၃၀၀၀ ပါ။ ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ အဲဒါတွေက တော်တော်များတယ်။ တော်တော်များတော့ ပထမဆုံး စဉ်းစားတာပေါ့။ ထုံးစံအတိုင်း စဉ်းစားတော့ အများဆုံးလှူတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေးတယ်ဆိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောတယ်။ သူ့အနေနဲ့ ငွေကြေးချမ်းသာတဲ့သူတွေ လှူတာလည်း တန်ဖိုးထားတယ်။ သို့သော် ပိုက်ဆံမရှိတဲ့ကြားကနေ ဒီငြိမ်းချမ်းရေးမှာ တတ်နိုင်သလောက်ထည့်တဲ့ ၃၀၀၀ တို့၊ ၄၀၀၀ တို့၊ ၅၀၀၀ တို့ကို ပိုပြီးတန်ဖိုးထားတယ်ပေါ့။ တန်ဖိုးထားတယ်ဆိုတော့ ဂုဏ်ပြုမှတ်တမ်းလွှာပေးမယ့် အစီအစဉ် မလုပ်ဖြစ်တော့ဘဲနဲ့ ဒီကြေညာတဲ့ အစီအစဉ်လုပ်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပိုက်ဆံချမ်းသာတဲ့သူတွေ များများလှူနိုင်တာထက် ပိုက်ဆံ မရှိတဲ့ကြားက ဒီငြိမ်းချမ်းရေးကို ထက်ထက်သန်သန်နဲ့ ယုံကြည်ပြီးတော့ လှူတဲ့ အလှူငွေကို ပိုပြီး တန်ဖိုးထားတယ်ပေါ့နော်။ အဲဒါကို ပြောပါတယ်"လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေ ထည့်ဝင်လှူဒါန်းနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်ဘဏ်ခွဲ)မှာ ၉-၂-၂၀၁၇ နေ့ကစပြီး ငွေစုစာရင်းဖွင့်ပြီး လက်ခံခဲ့တာ ၁၉-၅-၂၀၁၇ ရက်နေ့အထိ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ကျော်ဖြစ်တယ်လို့ ခွန်ဥက္ကာက တင်ပြခဲ့ပါတယ်။

လှူဒါန်းတဲ့ အလှူရှင် ၁၅၀ ကျော်ရှိပြီး တဦးချင်းလှူဒါန်းတဲ့ နေရာမှာ အနည်းဆုံး ထည့်ဝင် လှူဒါန်းငွေက အနည်းဆုံး ၃၀၀၀ ကျပ်၊ အများဆုံး တစ်ဦးချင်းထည့်ဝင် လှူဒါန်းငွေကတော့ ကျပ် ၃ ဘီလီယံကျော်ဖြစ်တယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့ အလှူရှင်တဦးက ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013