DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် တရားမဝင် တင်သွင်းလာသည့် ဖုန်း အလုံးရေ ၄၀၀၀ ခန့် ဖမ်းမိ
DVB
·
May 30, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ မေ ၂၉ ရက်မနက်က တရုတ်ပြည်ကနေ တရားမဝင် တင်သွင်းလာတဲ့ ဖုန်းအမျိုးစားပေါင်း ၂၂ မျိုး၊ တယ်လီဖုန်း အလုံးရေ ၄ ထောင်နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။

ရေပူအကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “သူ့ဖုန်းတွေက အခွန်မဆောင်ထားဘူး။ ၂၈ ရက်နေ့မှာ အဲကားပေါ်မှာ ဖုန်းတွေတင်လာတယ်ဆိုပြီး သတင်းကွန်ရက်အဖွဲ့က သတင်းပို့လာတယ်။ ၂၈ ရက်နေ့ည ရောက်မယ်ဆိုတော့ ဦးလေးတို့လည်း ဖမ်းဖို့စောင့်တယ်။ သူက ရောက်မလာဘဲ လမ်းဘေးထိုးရပ်ပြီးတော့ ကားပျက်တာလား ဘာလားမသိဘူး။ အဲဒါကို ဦးလေးတို့  ၂၉ ရက်နေ့ မနက်မှာ စခန်းကို ခေါ်လာပြီးတော့ စစ်တော့ မိတယ်" လို့ ပြောပါတယ်။

ကားသမားနဲ့ ယာဉ်နောက်လိုက်ကိုတော့ အကောက်ခွန်ဥပဒေအရ ဖမ်းဆီးထားခြင်း မရှိဘဲ ဖမ်းဆီးရမိတဲ့ ဖုန်းကို အကောက်ခွန်ဌာနကို လွှဲအပ်ပေးဖို့ အလုံးရေ အတိအကျကို စိစစ်နေတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ရေပူဂိတ်မှာ  တရားမဝင် ဖုန်းအလုံးရေပေါင်း ၅ထောင်ကျော်ကို ဖမ်းမိခဲ့တယ်လို့  သိရပါတယ်။

သတင်း - နိုင်နိုင်၊ ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013