DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး
DVB
·
May 30, 2017
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဖစ်ခ်ျဘူရီခရိုင်ထဲမှာ မြန်မာအလုပ်သမားတဦး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က အသတ်ခံခဲ့ရတယ်လို့ ထိုင်း Bright TV သတင်းမှာ ဖော်ပြပါတယ်။

ဖစ်ခ်ျဘူရီခရိုင် ဘန့်လျဲမ်မြို့ ရပ်ကွက် ၁ ပင်လယ်ပတ်လမ်း ဆားတွင်းမှာ အလုပ်သမား တဦး လည်ပင်းမှာပြတ်ရှဒဏ်ရာနဲ့ သေဆုံးတာတွေ့ရကြောင်း သတင်းအရ အခင်းဖြစ်ပွားရာ နေရာကို သွားရောက်စစ်ဆေးရာမှာ အလုပ်သမားတန်းလျားရဲ့ အိမ်သာရှေ့မှာ သွေးအိုင်ထဲ လဲကျသေဆုံးနေတဲ့ အမျိုးသားတယောက်ကို တွေ့ရတယ်လို့ ဘန့်လျဲမ်နယ်မြေရဲစခန်း တာဝန်ကျရဲအုပ် ၀ိဆွတ် ဖွန်းဖိဖတ်ကသတင်းထောက်ကိုပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူမှာ ဆားတွင်းမှာအလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်ရှိ ကိုဖြိုး ဆိုသူမြန်မာအလုပ်သမားတဦးဖြစ်ပြီး လည်ပင်းမှာ အရှည် ၁၅ စင်တီမီတာ အနက် ၈ စင်တီမီတာ ရှိ ချွန်မြတဲ့ အရာနဲ့ လည်ပင်းပြတ်လုနီးပါးလှီးထားတဲ့ ဒဏ်ရာတွေ့ရှိသလို အနီးနားမှာလည်း ၁၂ လက်မအရှည်ရှိ ဓားမြောင်တစ်ချောင်းကို သိမ်းဆည်းရမိကြောင်း၊ မသေခင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ ပုံစံတွေတော့ မတွေ့ရကြောင်း ရဲအုပ်ကပြောပါတယ်။

အဆိုပါတန်းလျားနေထိုင်တဲ့ အလုပ်သမားတဦးကတော့ ကိုဖြိုးရေအိမ်ထဲဝင်သွားတာကို တွေ့လိုက်ကြောင်း၊ ခဏအကြာမှာ အော်သံကြားလို့ သွားပြေးကြည့်ရာမှာ အိမ်သာရှေ့မှာ လဲကျနေတဲ့ ကိုဖြိုးကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ အဲဒီအနီးနားက မြန်မာအလုပ်သမား ၆ ယောက်ကို ခေါ်ယူစစ်ဆေးပြီး လူသတ် တရားခံကို စုံစမ်းဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013