DVB Logo
Home
မြန်မာသတင်း
ကာချုပ်ဟောင်း သူရဦးတင်ဦးကို ရန်ကုန်တိုင်းမှူး သွားရောက်ကြည့်ရှုအားပေး
DVB
·
May 30, 2017
Donate to DVB

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်မှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကို  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံက သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မေ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနဲ့  အဖွဲ့ဝင်တွေက သွားရောက်ပြီး ဦးတင်ဦးရဲ့ ဇနီးဒေါက်တာတင်မိုးဝေ၊ သားဦးသန့်ဇင်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့ကိုတွေ့ဆုံပြီး ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းကာ စားသောက်ဖွယ်ရာတွေ ပေးအပ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

အသက် ၉၁ နှစ်အရွယ်ရှိ သူရဦးတင်ဦးဟာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ မေလ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ လက်ယာဘက်ခြမ်းမလှုပ်ရှားနိုင်၊ စကားပီသစွာ မပြောနိုင်ပေမယ့် သတိကောင်းစွာရနေပြီး ဆိုးရွားတဲ့အခြေအနေ မတွေ့ရဘူးလို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောထားပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013