DVB Logo
Home
မြန်မာသတင်း
မိုရာဆိုင်ကလိုင်းမုန်တိုင်း​ဒဏ်ခံလိုက်ရသည့် စစ်တွေမြို့ (သတင်းဓာတ်ပုံ)
DVB
·
May 30, 2017
မိုရာဆိုင်ကလိုင်းမုန်တိုင်း​ဒဏ်ခံလိုက်ရသည့်  စစ်တွေမြို့ (သတင်းဓာတ်ပုံ)
1 / 12
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေမြို့ကို အင်အားပြင်း မိုရာဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်သွားတာကြောင့် သစ်ပင်တွေလဲကျပြီး လူနေအိမ်တွေ၊ အဆောက်အဦးတွေနဲ့ မော်တော်ယာဉ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။

မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြို့ခံ ဝံလတ်ဖောင်ဒေးရှင်းကစာရေး ဆရာဝေဟင်အောင်က “မနေ့ ည၁၀ နာရီကတည်းက တိုက်နေတာ အခုအချိန်အထိတိုက်နေ ပါတယ်။ ပျက်စီးဆုံးရှုံမှုကတော့ ရှိတယ်ဗျ။ သစ်ပင်ကြီးတွေ ပြိုလဲတာ အိမ်ခေါင်အမိုးအကာတွေ လန်တယ်။ ကြော်ငြာဆိုင်ဘုတ်တွေ ပြိုကျတာကြောင့် ကားတွေပျက် စီးတာတွေရှိတယ်။ စစ်တွေ ကမ်းနားလမ်းမှာ ဆိုလိုရှိရင်စီးပွားရေဘဏ်ရယ်၊ စစ်တွေဈေးကြီးရယ်။ ဆိပ်ကမ်းရုံးတွေရယ် အမိုးတွေ အကာအားလုံးတလျောက်နေတာကို တွေ့ရတယ်။”လို့ ပြောပါတယ်။

မိုရာဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ထဲက မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ စတဲ့မြို့တွေမှာလည်း  ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပါက်တောမြို့နယ်မှာလည်း  အိမ်ခြေ ၃၀၀ ကျော်အမိုးတွေပျက်စီးပြီး မြောက်ဦးမှာ အိမ်၅ လုံး အမိုးလန်ပျက်စီးတယ်လို့ ကနဦးသတင်းရထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013