DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် အမျိုးသမီး ၁ ဦးဟင်းရွက်ခူးစဉ် ဓာတ်ကြိုးပြတ်ထိမိရာမှ ဓာတ်လိုက်သေဆုံး
DVB
·
May 30, 2017
ကျောက်တော်တွင် အမျိုးသမီး ၁ ဦးဟင်းရွက်ခူးစဉ် ဓာတ်ကြိုးပြတ်ထိမိရာမှ ဓာတ်လိုက်သေဆုံး
Donate to DVB

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ညောင်ပင်လှကျေးရွာမှ ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပြုတ်ကျနေသော ဓာတ်ကြိုးကိုထိမိရာမှ ဓာတ်လိုက်သေဆုံးမှု မေ ၂၉ ရက် ညနေ ၄ နာရီခွဲမှာ သေဆုံးသွားခဲ့ပါတယ်။

ကူညီပေးခဲ့သူ လမ်းမတော်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းမြင့်ထံက “ညောင်ပင်လှကျေးရွာမှ ဆိတ်မ (ခေါ်) ဒေါ်အေးခိုင်ဟာ မြေးဖြစ်သူ မောင်ချစ်မင်းအောင်နဲ့အတူ ကျောက်တော်မြို့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဝင်းထဲမှာ ဟင်းရွက်ခူးပြီးအပြန်မှာ ဘီအီးတပ်ခွဲနှင့် အရာရှိ ရိပ်သာ ကြားလယ်ကွင်းထဲမှာ ပြုတ်ကျနေတဲ့ ဓာတ်ကြိုးနှစ်ချောင်းကို ခြေထောက်နဲ့တိုက်မိပြီး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်”လို့ ပြောပါတယ်။

လမ်းမတော်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ သတင်းပေးပို့ချက်အရ ကျောက်တော်မြို့မရဲစခန်းက စစ်ဆေးခဲ့ပြီး ဆိတ်မ(ခ) ဒေါ်အေးခိုင်ကို အခင်းဖြစ်နေရာမှာ ပက်လက်အနေအထားနဲ့ တွေ့ရပြီး ညာဘက်ခြေသလုံးမှာ ပွန်းရှ ညိုမဲဒဏ်ရာနှစ်ချက်ကို တွေ့ရတဲ့အတွက် ကျောက်တော်ဆေးရုံကို ပေးပို့စစ်ဆေးနေပါတယ်။

သေဆုံးမှုကို ကျောက်တော်မြို့မရဲစခန်းက သေမှုသေခင်းအမှတ် ၁၀/၂၀၁၇ အရ အမှုဖွင့်ထားပြီး စခန်းမှူး ဒုရဲမှူးစိုးလွင်က လက်ခံစစ်ဆေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013