DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းအကြမ်းဖက်မှု အောက်မေ့ဖွယ်နေ့ အခင်းဖြစ်ပွားရာနေရာတွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
May 30, 2017
ဒီပဲယင်းအကြမ်းဖက်မှု အောက်မေ့ဖွယ်နေ့ အခင်းဖြစ်ပွားရာနေရာတွင်ကျင်းပ (ဓာတ်ပုံ)
1 / 9
Donate to DVB

 

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်ကို အကြမ်းဖက်ဖြိုးခွင်းခံခဲ့ရတဲ့ မေ ၃၀ရက်  ဒီပဲယင်း အရေးအခင်း ၁၄ နှစ်မြောက်အောက်မေ့ဖွယ် အခမ်းအနားကို ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာပြုလုပ်နေပါတယ်။

ဒီအောက်မေ့ဖွယ်အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့် အန်အယ်လ်ဒီဗဟိုမှ မုံရွာအောင်ရှင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အရေးအခင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ ကြပါတယ်။

ရွာထိပ်မှာ သေဆုံးသူတွေအတွက် လွမ်းသူ့ပန်းခွေချတာ၊ ပင့်ဖိတ်ထားတဲ့ သံဃာတော်တွေကို သေဆုံးသူတွေအတွက်ရည်စူးပြီး ဆွမ်းကပ်အမျှဝေတာ၊ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ် ထောင်ပေါင်းများစွာကို ထမင်းကျွေးမွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013