DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မိုရာမုန်တိုင်း စတင်တိုက်ခတ်၊ ပျက်စီးဆုံးရှုံးမှု များပြား
DVB
·
May 30, 2017
ရခိုင်တွင် မိုရာမုန်တိုင်း စတင်တိုက်ခတ်၊ ပျက်စီးဆုံးရှုံးမှု များပြား
1 / 19
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ ဒီကနေ့ မနက် ၈ နာရီအချိန်အထိ မိုရာဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေပြီး ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့မှာ ဒီမနက် ၈ နာရီအချိန်အထိ လေပြင်းတိုက်ခတ်နေပြီး သစ်ပင်တွေပြိုလဲတာ၊ အိမ်ခေါင်းမိုးတွေလန်တာ မီးကြိုးတွေပြုတ်ကျတာရှိနေပြီး အခုချိန်အထိ လေမုန်တိုင်း တိုက်ခတ်နေပါတယ်။

မြေပုံမှာတော့ မနေ့ညကအထိ မုန်တိုင်းတိုက်နေတာ အခုချိန်အထိလေက ပြင်းထန်နေ တယ်လို့ ဒီကနေ့ မနက် ၈ နာရီက မြေပုံနာရေးအသင်း ကိုမိုးမင်းက ဒီဗွီဘီကိုပြောပါတယ်။

“ပျက်စီးဆုံးသွားတာ လက်တလောကတော့ ပြောလို့မရသေးဘူး။ လေမုန်တိုင်းက တိုက်နေတုန်းက မနေ့ညကတည်းက တိုက်နေတာ။ ပျက်စီးဆုံးရှုံးတာက နေရာတိုင်းရှိနေတယ်ဗျ။ ကျနော်တို့ မြေပုံ အရင်ကတည်းက ဂီရီမုန်တိုင်း အတွေ့အကြုံရှိတော့ သတိဝီရိယနဲ့ ပိုပြီးနေရတာပေါ့။ လေက တအားတိုက်နေတော့ အပြင်တွေသိပ် မထွက်ရဲဘူးသေဘူး။”

ဒါ့အပြင် စစ်တွေအခြေအနေကတော့ စစ်တွေဈေးကြီးအမိုးလန်တာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ ပြိုကျတာကြောင့် ကားတွေ ပျက်စီးနေတယ်လို့ ဒီမနက် ၈ နာရီက ဝံလတ်ဖောင်ဒေးရှင်းက စာရေးဆရာဝေဟင်အောင် ဒီဗွီဘီကိုပြောပါတယ်။

“မနေ့ ည ၁၀ နာရီကတည်းက တိုက်နေတာ အခုအချိန်အထိ တိုက်နေပါတယ်။ ပျက်စီးဆုံးရှုံမှုကတော့ ရှိတယ်ဗျ။ သစ်ပင်ကြီးတွေ ပြိုလဲတာ အိမ်ခေါင်အမိုးအကာတွေလန်တယ်။

ကြော်ငြာဆိုင်ဘုတ်တွေပြို ကျတာကြောင့် ကားတွေပျက်းစီးတာတွေ ရှိတယ်။ စစ်တွေကမ်းနား လမ်းမှာ ဆိုလိုရှိရင် စီးပွားရေဘဏ်ရယ်၊ စစ်တွေဈေးကြီးရယ်။ ဆိပ်ကမ်းရုံးတွေရယ် အမိုးအကာ အားလုံးတလျောက်နေတာကို တွေ့ရတယ်။”

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အားကောင်းတဲ့ မိုရာ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ၆၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ၁၂၀ မိုင်ခန့်နဲ့ မောင်တောမြို့အနောက်တောင်ဘက် ၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီကနေ့ မနက် ထုတ်ပြန်ထားပါတယ်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမယ်လို့လည်း ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013