DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦးတွဲဖက် အထက်တန်းကျောင်း ရရှိ
DVB
·
May 29, 2017
ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦးတွဲဖက် အထက်တန်းကျောင်း ရရှိ
1 / 4
Donate to DVB

 

အဋ္ဌမအကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်း ရရှိသွားပါတယ်။

မနေ့ မေလ ၂၈ ရက်နေ့  အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ ကျင်းပတဲ့ အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲအခမ်းအနားမှာ ဆုရရှိသူကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆရာတော် အရှင်နာယက ဦးစီးတည်ထောင်ထားတဲ့ မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်းဟာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၈၀၀၀ ကျော် ကို ပညာသင်ကြားပေးနေတဲ့အပြင် အသက်မွေးဝမ်း ကျောင်းပညာကိုပါ သင်ပေးနေတာကြောင့် ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုအပြင် ပြည်သူ့ဂုဏ်ရည်အထူးဆုအဖြစ် Save The Libriary စာကြည်တိုက်များကွန်ရက်၊ လိင်မှုဆိုင်ရာ ပညာပေးပြန့်ပွားရေးနဲ့ လူမှုရေးကူညီသူ ကိုစိုးထိုက်(ဖဒို) နဲ့ နိုင်ငံတွင်းလျှပ်စစ်၊ ရေ၊ အမှိုက်ဆိုင်ရာ လိုအပ်ချက်တွေကို တနိုင်တပိုင်ဖြည့်သူ ကိုအေးကျော်ကျော်တို့ကို အသီးသီးရွေးချယ်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးအပ်ချီးမြှင့်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုကိုတော့ ဒေါ်လာ ၁၀၀၀ ပေးပေးချီးမြှင့်မှာဖြစ်ပါတယ်။

ဆုရရှိသူတွေကိုတော့ လာမယ့်ဇွန်လ ၄ ရက်  ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဆုချီးမြှင့်ပွဲ လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ တွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆိုရင် ၈ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013