DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် ၁ ဦး ခြေကျိုး
DVB
·
May 29, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့မှာ မေလ ၂၈ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားရာ တဦး ခြေထောက်ကျိုးသွားပါတယ်။

ဟသာင်္တ-ကြံခင်း အဝေးပြေးလမ်းပေါ်ရှိ ထူးကြီးမြို့ ဒေသအခေါ် ဂုံးညီနောက်နားမှာ ၃ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ တဦးတည်း စီးလာတဲ့ ဆိုင်ကယ်တို့ လမ်းမအလယ်မှာ မျက်နှာချင်းတိုက်ကြတာပါ။

ထူးကြီးနယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်ရွှေအေးက “ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးလုံးကို ကျနော်က တရားလိုပြုတယ်။ ဒုရဲအုပ်မျိုးစည်သူက အမှုစစ်မယ်။ ဆိုင်ကယ်မောင်း နှစ်ယောက်လုံး အမှုဖွင့်ထားတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇ ယာဉ်မဆင်မခြင် မောင်းနှင်လို့ ပြင်းထန်ဒဏ်ရာရရှိမှုနဲ့ ဖွင့်တယ်။ တယောက်သမားက ခြေကျိုးသွားတယ်။ ခု ထူးကြီးဆေးရုံတင်ထားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ထူးကြီးရဲစခန်းမှာ ၂၀၁၇ ခုနှစ် ၅ လပိုင်းအထိ ယာဉ်နဲ့ပတ်သက်တဲ့ အမှုပေါင်း ၇ မှုအနက် ဆိုင်ကယ်အမှုက အများဆုံး ဖြစ်ပါတယ်။

သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - ချစ်ကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013