DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်အတု လိမ်လည်ကိုင်ဆောင်သူများကို စစ်တွေလေဆိပ်တွင် ဖမ်းမိ
DVB
·
May 29, 2017
မှတ်ပုံတင်အတု လိမ်လည်ကိုင်ဆောင်သူများကို စစ်တွေလေဆိပ်တွင် ဖမ်းမိ
1 / 2
Donate to DVB

 

မေလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု လိမ်လည်ကိုင်ဆောင်သူတွေကို စစ်တွေလေဆိပ်မှာ ဖမ်းမိခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီ ၄၀ မှာ စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ လိုက်ပါမယ့် အမျိုးသမီး ၃ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်တာကို လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးကောင်တာမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်ကလည်း မှတ်ပုံတင် လိမ်လယ်ကိုင်ဆောင်တဲ့ အမျိုးသား ၃ ဦးနဲ့ ကလေးငယ် ၂ ဦးကိုလည်း စစ်တွေလေဆိပ် တာဝန်ကျ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးအဖွဲ့နဲ့ လေဆိပ်လုံခြုံရေးရဲတပ်ဖွဲ့က တွေ့ရှိခဲ့လို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မေ ၂၇ ရက်နေ့မှာ တွေ့ရှိတဲ့ အမျိုးသမီးသုံးဦးဟာ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာက ရီဟာနာဘေဂွန် ၁၈ နှစ်၊ မခင်မေ (ခ) ရေဇူဝမ် ၁၈ နှစ်နဲ့ ဒါးပိုင်ကျေးရွာက မကျော့ယဉ် (ခ) နူနာဟာရ် ၂၆ နှစ်တို့ဖြစ်ပါတယ်။

18767549_132100240675306_2932268726863356440_n
သူတို့ကို စစ်ဆေးချက်အရ ရီဟာနာဘေဂွန်ကို သက္ကယ်ပြင်ရွာက အာယုက မှတ်ပုံတင်အတုကို ကျပ် ၂၅ သိန်းနဲ့ လုပ်ပေးခဲ့ပြီး မကျော့ယဉ်(ခ) နူနာဟာရ် အတွက် မှတ်ပုံတင်အတုကို သက္ကယ်ြပင်ရွာက ကိုရ်ဘာဘာလီက ၂၇ သိန်းနဲ့ လုပ်ပေးခဲ့ပြီး မခင်မေ(ခ) ရေဇူဝမ် ကိုင်ဆောင်တဲ့ မှတ်ပုံတင်အတုကို ကျောက်ဖြူမြို့က အမည်မသိလူတစ်ယောက်က လုပ်ပေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မေ ၂၈ ရက်နေ့မှာတော့ စိုးမိုးအောင် (ခ) ခိုင်ရွှေသိန်း ၂၈ နှစ်၊ မင်းပြားမြို့နယ်၊ ပန်ဇင်းမော်ရွာ၊ ဦးသာခိုင် ၃၆ နှစ်၊ ခါမာဆူရီရွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဦးထွန်းအောင် ၃၉ နှစ်၊ အောင်သာယာရွာ၊ မောင်တောမြို့နယ်၊ မောင်သန်းဝင်း ၈ နှစ်နဲ့ မောင်ဦးစောသိန်း ၇ နှစ်၊ သရီကုန်ဘောင်ရွာ၊ မောင်တောမြို့နယ်တို့ ပါတဲ့ ၅ ယောက်အဖွဲ့ကို လေဆိပ် စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ ဦးသာခိုင်နဲ့ ဦးထွန်းအောင်တို့ နှစ်ဦးကိုင်ဆောင်ထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေဟာ သူတို့ကိုင်ဆောင်တဲ့ကတ်ပြားတွေမဟုတ်ပဲ တခြားသူတွေရဲ့ နာမည်နဲ့ ကတ်ပြားတွေ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ၅ ယောက်စလုံးကို စစ်တွေမြို့နယ် လ၀ကရုံးကို ခေါ်ဆောင်သွားပြီး အသေးစိတ်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်အတုပြုလုပ်ကိုင်ဆောင်တဲ့ အမျိုးသမီး ၃ ယောက်ကိုတော့ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်၊ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013