DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့တွင် ၀န်ကြီးလမ်းကြောင်း ကြိုဆိုသူများကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
DVB
·
May 29, 2017
ဟုမ္မလင်းမြို့တွင် ၀န်ကြီးလမ်းကြောင်း ကြိုဆိုသူများကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
1 / 4
Donate to DVB

 

ဟုမ္မလင်းမြို့မှာ မေ ၂၄ ရက်နေ့က ၀န်ကြီးလမ်းကြောင်း ကြိုဆိုရာမှာ ဦးဆောင်ပါဝင်တဲ့ ကုန်တင်ကုန်ချ အလုပ်သမား ဦးသိန်းဇော်နဲ့ ဦးမျိုးသန်းတို့ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့် အရေးယူ ခံထားရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

စစ်ကိုင်တိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ တိုင်းဒေသကြီးဝန်ကြီးကို မေလ ၂၄ ရက်နေ့က ကုန်တင်ကုန်ချအလုပ်သမားများအဖွဲ့က ဝန်ကြီးများကို ကြိုဆိုပါ၏၊ ၂၁ ပင်လုံညီလာခံကို ထောက်ခံပါ၏၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အဖွဲ့အစည်းများလုံးကို ကျေးဇူး တင်ပါတယ်။ ကုန်တင်ကုန်ချအလုပ်သမားရုံးကို တစညပါတီက သိမ်းထားကို အရေးယူပေးရန် စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး တိုင်းဒေသကြီးဝန်ကြီးတွေကို ကြိုဆိုခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်လို့ ဒုရဲမှူးကြည်စိုးက ကြိုတာမဟုတ်ဘဲ ဆန္ဒဖော်ထုတ်တာနဲ့ တူနေပြီး အကြောင်းကြားတာလည်း မရှိလို့ အမှုဖွင့်လိုက်တာလို့ ပြောပါတယ်။

“အခုက သူတို့ကြိုတာ မဟုတ်ပါဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆန္ဒဖော်ထုတ်တာနဲ့ တူနေပါတယ်။ ကျနော်တို့က ဝန်ကြီးတွေကြိုလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ငြိမ်းစုစီဥပဒေ ရှိပါတယ်။ ၅ ယောက်ထက် ကျော်လွန်နေပါတယ်။ ကျတော်တို့ကို အကြောင်းကြား ထားတာ လည်း မရှိပါဘူး။ ဒါကြောင့် ငြိမ်းစုစီဥပဒေအရ ပုဒ်မ ၁၈ နဲ့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ဟုမ္မလင်းမြို့မရဲစခန်းမှာ မေလ ၂၆ ရက်နေ့က အမှုဖွင့်ထားတယ်။”

သတင်း - အောင်ဆန်းဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013