DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”အဖြစ်သို့ရောက်ရှိ၊ ရခိုင်ကမ်းရိုးတမ်းဒေသ မုန်တိုင်းစက်ကွင်း အတွင်းကျရောက်
DVB
·
May 29, 2017
ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”အဖြစ်သို့ရောက်ရှိ၊ ရခိုင်ကမ်းရိုးတမ်းဒေသ မုန်တိုင်းစက်ကွင်း အတွင်းကျရောက်
Donate to DVB

 

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Mora) အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ  မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်ဘက်မိုင် ၁၉၀ ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၂၀ ခန့်၊ ကျောက်ဖြူမြို့ရဲ့  အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် ၃၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

မုန်တိုင်းဟာ  ဒီကနေ့ မေ ၂၉ ရက်  တနင်္လာနေ့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို ကော့ဘဇားမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

ကမ်းကိုမဖြတ်မီ အားအကောင်းဆုံးဖြစ်လာနိုင်ပြီး အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ၇၅ မိုင်ခန့်အထိ ရှိလာနိုင်တယ်၊ မုန်တိုင်းဗဟိုချက်ဖြတ်သန်းရာ နေရာဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ နီးကပ်သောနေရာဖြစ်လို့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ မုန်တိုင်း စက်ကွင်းအတွင်း ကျရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီကနေ့ ညနေပိုင်းကနေ  ညသန်းကောင်ယံအချိန်အထိ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ အများဆုံးလေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်ကနေ ၅၅ မိုင် နှုန်း၊ အမြင့်ဆုံးပင်လယ်ရေလှိုင်း ၁၅ ပေ မှ ၂၀ ပေခန့်နဲ့ မုန်တိုင်းဒီရေလှိုင်း ၆ လက်မ မှ ၁ ပေခန့် ရှိနိုင်တဲ့ အတွက် သတိထားကြဖို့ ဒေါက်တာထွန်းလွင်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013