DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် ဆွံ့အနားမကြား မိန်းကလေးအား ဓားထောက် အဓမ္မပြုကျင့်
DVB
·
May 28, 2017
ကျောက်ဖြူတွင် ဆွံ့အနားမကြား မိန်းကလေးအား ဓားထောက် အဓမ္မပြုကျင့်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပင်လယ်ကမ်းစပ်မှာ ဆွံ့အနားမကြားတဲ့ မိန်းကလေးတဦးကို ဓားထောက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်မှု တခုဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

မေ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်ဝန်းကျင်လောက်က အဆိုပါမိန်းကလေးငယ်ဟာ ဆေးဝယ်ဖို့ အိမ်ကနေထွက်သွားပြီးနောက် အိမ်ကို ပြန်မရောက်လာလို့ မိသားစုဝင်တွေက ရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့ကြတယ်လို့ ကျောက်ဖြူမြို့မ ရဲစခန်းက ရဲအုပ်ကျော်နီထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးမလေးက ညနေ ၆ နာရီကတည်းက အိမ်ကနေ ဆေးသွားဝယ်တာ။ ပြန်မလာတော့ ည ၁၁ နာရီလောက် ရဲစခန်းကို လာတိုင်တယ်။ စခန်းမှူးတို့၊ နယ်ထိန်းအဖွဲ့တို့ ပိတ်ဆို့ ရှာဖွေတယ်။ ပင်လယ်ကမ်းစပ်အနားမှာ တွေ့တယ်။ နှစ်ယောက်လုံးကို တွေ့တယ်။ အဲ့ဒါ မိသားစုတွေက ကောင်းမလေးကို စစ်ဆေးလိုက်တဲ့အချိန်မှာ အမှုပေါ်ပေါက်တယ်။ ကလေးမက နားလည်း မကြားဘူး။ စာ စကားလည်း မပြောတက်ဘူး။ ဒါပေမယ့် မိသားစုတွေက သူ့ရဲ့ လက်ဟန် ခြေဟန်နဲ့ ပြောတာကို နားလည်တယ်။ သဘောပေါက်တယ်လေ။”

ကျောက်ဖြူမြို့ဝင် ဆိုင်းဘုတ်အနီး ပင်လယ်ကမ်းစပ်အနားမှာ အရိုးသွား ၆ လက်မရှိတဲ့ ဓားနဲ့ခြိမ်းခြောက်ပြီး မိန်းခလေးကို  ပင်လယ်ကမ်းစပ်အနား ခေါ်ဆောင်သွားပြီးနောက် အလိုမတူဘဲ တကြိမ် အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံရသူရဲ့ ဆေးစစ်ချက်တွေအား ရန်ကုန် ဓာတုဗေဒစစ်ဆေးရေးဌာကို ပို့ဆောင်ဖို့ လုပ်ဆောင်နေပြီး၊ ကျန်သက်သေတွေကို ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲအုပ်က ဆက်လက် ပြောပါတယ်။

အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ လူပိုက် (ခ) ကိုမောင်ဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ကျောက်ဖြူမြို့မရဲစခန်းက ဖမ်းဆီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013