DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု ပိုများလာ
DVB
·
May 28, 2017
တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု ပိုများလာ
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အတွင်းက တရားမဝင်သစ်ဖမ်းဆီးရရှိမှုတွေ ပိုများလာတယ်လို့ တောင်ကုတ်သစ်တောဌာနက ပြောပါတယ်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ကျောက်မောင်နှမအနီးမှာ မေ ၂၅ ရက်နေ့ ညနေက သစ်ပုတ်ခွဲသား ၂၅ တုံး၊ ၁.၅၆၇၀ တန်ကို ဖမ်းဆီးရရှိခဲ့ပြီး၊ မေ ၂၇ ရက်နေ့ ပန်းတောင်-တောင်ကုတ်ကားလမ်းမှာ တရားမဝင် ကား ၃ စီးနဲ့ ပျဉ်းကတိုးသား တင်ဆောင်လာတဲ့ ကား ၁ စီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရရှိခဲ့တာပါ။

တောင်ကုတ်သစ်တောဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းမင်းထွန်းက “ကျောက်မောင်နှမဆိပ်မှာ ကူးတိုးဆိပ်ပေါ့လေ။ ကျနော်တို့ သတင်းရတာက အဲ့ဒီမှာ သစ်ခွဲတွေကို စုပုံထားပြီးတော့ရှိတယ်လို့ သတင်းရတယ်ပေါ့။ အဲ့ဒီမှာ ဖမ်းလာတယ်။ သက်ဆိုင်ရာ တာဝန်ခံဘိနယ်ကို ကြေးနန်း တင်ရတာပေါ့။ ကျနော်တို့ ဖမ်းဆီး ရမိတဲ့ အပိုင်းကတော့ ဒီက ၂၅ ရက်နေ့ တမှု ဖမ်းဆီးရမိပါတယ်။ တောင်ကုတ် တန်းလွဲချောင်းမှာ သစ်ပုတ်ခွဲသား  ၂၅ တုံး၊ ၁.၅၆၇၀ တန်ကဖမ်းဆီးမိတာပါလို့” ဒီဗွီဘီကိုပြောပါတယ်။

အခုလို တရားမဝင်းသစ်တွေ ဖမ်းဆီးရရှိနိုင်ဖို့ မြို့နယ်၊ အုပ်ချုပ်ရေးမှူး၊ တပ် အပါအဝင် ရဲနဲ့ သစ်တောဌာနက စုပေါင်းလုပ်ဆောင်ရတာလို့ ပြောပါတယ်။ ဒါပေမယ့် တဖက်မှာလည်း တရားမဝင်သစ်တွေ ဖမ်းဆီးရမိဖို့အတွက် အန္တရာယ်ကြားက ဖမ်းဆီးရတာလို့ ကိုမင်းမင်းထွန်းက ဆက်လက်ပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း အန္တရာယ်ရှိတဲ့အပိုင်းတွေ အများကြီးရှိတယ်။ လုံခြုံရေးအပိုင်းကျတော့လည်း သိပ်ပြီးတော့ မရှိဘူးလေ။ အဲ့ဒီလို တရားမဝင်တင်ဆောင်လာလို့ သတင်းတွေရတဲ့ အခါမှာလည်း ရဲအင်အားတွေဖြည့်ပြီးတော့ အင်အားတောင်းပြီးတော့ ဖမ်းရတယ်။ အန္တရာယ်တော့ ရှိတာပေါ့။ ဒီဘက်အပိုင်းမှာတော့ နည်းနည်းလောက် စာရိတ်တွေ ကြမ်းတမ်းတယ်ပေါ့။ ကျနော်တို့ အချိန်မိအောင်လည်း သွားရတယ်။ သွားတဲ့အခါမှာလည်း၊ ကျနော်တို့မှာလည်း ဝန်ထမ်းအင်းနည်းတဲ့အခါမှာ လုံခြုံရေဆိုက်တွေကို ခေါ်ပြီးတော့ သွားပြီး ဖမ်းဆီးရတာပေါ့။ ကျနော်တို့မှာ အခက်အခဲကတော့ အများကြီးရှိတာပေါ့။

မေ ၂၇ ရက်နေ့ ပန်းတောင်-တောင်ကုတ်ကားလမ်းမှာ တရားမဝင် ကား ၃ စီးနဲ့ ပျဉ်းကတိုးသားတင်ဆောင်လာတဲ့ ကား ၁ စီးနဲ့အတူ လိုက်ပါလာတဲ့သူ နှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး သူတို့နှစ်ဦးကို အမှုဖွင့်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သစ်တောဌာနက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၇ မတ် ၂၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ တောင်ကုတ်-ပန်းတောင် ကားလမ်း မိုင်တိုင် အမှတ်၄၆/၃ အနီးမှာ တရားမဝင်ပျဉ်းကတိုးခွဲသား ၁၆၀ ချောင်း၊ ၁၀.၇၆၂၄ တန်းကို ဖမ်းဆီးရရှိခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013