DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် ယာဉ် ၁ စီး အရှိန်လွန်တိမ်းမှောက်
DVB
·
May 28, 2017
အမြန်လမ်းမကြီးပေါ်တွင် ယာဉ် ၁ စီး အရှိန်လွန်တိမ်းမှောက်
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၀ အနီးမှာ မေ ၂၇ ရက် ညနေ ၄ နာရီလောက်က ယာဉ်တစ်စီးတိမ်းမှောက်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက် နိုင်အေး မောင်းနှင်လာတဲ့ မီနီဘတ်စ်အမျိုးစား ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၇၀/၂ နဲ့ ၂၇၀/၃ အနီးမှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ယာဉ်ကတော့ ကာလတန်ဖိုး ၁၅ သိန်းလောက် ပျက်စီးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှတ်တမ်းတွေအရ သိရပါတယ်။

ယာဉ်မောင်းအား ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013