DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအတွင်း တရားမဝင်ကျွန်းသစ်များဖမ်းမိ
DVB
·
May 28, 2017
စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအတွင်း တရားမဝင်ကျွန်းသစ်များဖမ်းမိ
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးဒေသကြီးထဲမှာ မေလ ၂၇ ရက်နေ့က တရားမ၀င်ကျွန်းသစ်တွေကို သစ်တောနဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်လေဘိုရွာအနီး နမီးကြိုးဝိုင်းအတွင်း မေလ ၂၇ ရက်မွန်းလွဲ ၁ နာရီက တရားမဝင်ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့  ၆ ဘီးယာဉ်တစီး ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွန့်က ပြောပါတယ်။

အင်းတော်မြို့နယ်သစ်တောဦးစီးဌာနနဲ့ နယ်မြေခံရဲစခန်း တာဝန်ရှိသူတွေက သတင်းအရ နမီးကြိုးဝိုင်း အကွက်အမှတ်(၃၈) လေဘိုရွာအနီးမှာ ယာဉ်မောင်း ကျော်ကျော်နိုင်မောင်းနှင်လာတဲ့ ၆ ဘီးကားကို စစ်ဆေးရာ ကားပေါ်မှာ ကျွန်းသစ် ၁၀ လုံး (၂ ဒသမ ၉၄၈)တန်၊ ကာလတန်ဖိုး ၂၃၅၈၄၀ ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု၊ ဘိုကတော်ကျေးရွာသစ်မှာလည်း မေလ ၂၇ ရက်နေ့က တရားမဝင်ကျွန်းသစ်လုံးတွေ ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

တောင်ငူမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းထွန်းက“ကျနော်တို့ သစ်တောဦးစီးဌာနအနေနဲ့က ဒီတရားမဝင်သစ်တွေကို ဖမ်းဆီးဖို့ကို အလေးထား ဆောင်ရွက်နေတဲ့အခါမှာ ကျနော်တို့ သစ်တောဝန်ထမ်းတွေချည်းပဲ ဖမ်းဆီးဖို့ အားလုံးကို ရာနှုန်းပြည့်မဖမ်းဆီးနိုင်ဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့က တရားမဝင်သစ်တွေ ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေမှာ ပြည်သူကိုအခြေပြုပြီး ပြည်သူလူထုဆီက သတင်း ကွန်ရက်စနစ်နဲ့ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်၊ သစ်တောဦးစီးဌာနရဲ့ hot line ဖုန်းနံပါတ်တွေကို ဖြန့်ထားပြီး ကျွန်တော်တို့ဆီကို သတင်းပေးနိုင်အောင် လုပ်ပေးထားတယ်။ အခုကလည်း ဖုန်းသတင်းရလို့ ဖမ်းမိတာပါ။ ဒီနေရာမှာ သစ်လုံးတွေရှိတယ်ပေါ့နော်။ ခုကတိုင်းနေတုန်းပဲ ရှိသေးတယ်။ ၅ တန်လောက်ရှိမယ်။ ကျွန်းတွေချည်းပဲ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာ” လို့ ပြောပါတယ်။

အခုလ၁၇ရက်နေ့ကလည်းအဆိုပါကျေးရွာအတွင်းမှာ မော်တော်ကား၂စီးနဲ့ ထော်လာဂျီ၂စီး ပေါ်ကနေ ကျွန်းသစ်ခွဲသားဆိုက်စုံ ၁၀တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

တရားမ၀င်ကျွန်းသစ်တွေသယ်ဆောင်လာသူတွေကို ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

သတင်းဓာတ်ပုံ -ကိုကိုလင်း(အင်းတော်)၊ သားကြီး၊ ၀င်းထွန်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013